ရေစကြိုမြို့နယ်ရှိ စာသင်ကျောင်းတစ်ခု၌ လက်လုပ်သေနတ်(၂၁)လက်အပါအဝင် လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
Pearl (NSS) - အောက်တိုဘာ ၁၅
ရေစကြိုမြို့နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်း၌ အကြမ်းဖက်သမားများ သိုဝှက်သိမ်းဆည်းထားသော လက်လုပ် သေနတ် (၂၁)လက်အပါအဝင် လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၁၄ ရက်)၊ နံနက်ပိုင်းတွင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ နန်းဦးကျေးရွာတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ နန်းဦးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ PDF အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်နေပြီး လက်နက်၊ ခဲယမ်းများ သိုဝှက်သိမ်းဆည်းထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ အဆိုပါ အခြေခံပညာအထက်တန်းကျောင်းအတွင်းမှ လက်လုပ်သေနတ်အရှည် (၂၁)လက်၊ လက်လုပ်သေနတ်အတို (၁)လက်၊ လက်လုပ် အာပီဂျီ (၃)လက် ၊ လက်လုပ်စိန်ပြောင်း (၁၇)လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ရေးနှင့်မသက်ဆိုင်သော စာသင်ကျောင်းများတွင် ခိုအောင်းနေထိုင်ခြင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းခြင်းသည် ကျောင်းနေအရွယ်ကလေးငယ်များ၏ ပညာသင်ယူခွင့်ကို ထိခိုက်နစ်နာစေ၍ ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါ သိမ်းဆည်းရမိလက်နက်များနှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ် နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီးရီးယားအစိုးရထိန်းချုပ်ထားတဲ့ မြို့တွေရှိ နိုင်ငံတကာလေဆိပ်တွေကို အစ္စရေးတပ်ဖွဲ့တွေ လေကြောင်းက ဗုံးကြဲတိုက်ခိုက်
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း