ဆီးရီးယားအစိုးရထိန်းချုပ်ထားတဲ့ မြို့တွေရှိ နိုင်ငံတကာလေဆိပ်တွေကို အစ္စရေးတပ်ဖွဲ့တွေ လေကြောင်းက ဗုံးကြဲတိုက်ခိုက်
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၅
အစ္စရေးဟာ ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ နဲ့ ဒမ္မစကက်မြို့တို့ရှိ လေဆိပ်တွေကို တိုက်ခိုက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ဆီးရီးယားအစိုးရထိန်းချုပ်ထားတဲ့ အလက်ပိုမြို့လေဆိပ်ကို ပစ်မှတ်ထားပြီး လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ရာမီ အဒယ်ရာမန်က "အစ္စ ရေး တိုက်လေယာဉ်တွေဟာ အလက်ပိုမြို့လေဆိပ်ကို တိုက်ခိုက်ခဲ့တယ်"လို့ ပြောပါတယ်။
ဒါ့ပြင် ဆီးရီးယားနိုင်ငံပိုင် သတင်းမီဒီယာတွေကလည်း အစ္စရေးဟာ အလက်ပို နိုင်ငံတကာလေဆိပ်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။ အစ္စရေးဟာ ဒမ္မစကက်မြို့ နဲ့ အလက်ပိုမြို့ရှိ အဓိက လေဆိပ်နှစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း၊ ဟားမက်စ်နဲ့ အစ္စရေးကြားစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အစ္စရေးက ဆီးရီးယားနိုင်ငံရှိလေဆိပ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အစ္စရေးဟာ ဆီးရီးယားအစိုးရထိန်းချုပ်ထားတဲ့ အလက်ပိုမြို့ နဲ့ ဒမ္မစကက်မြို့တို့ရှိ လေဆိပ်တွေက လေကြောင်းခရီးစဉ်ကိုတွေ အခက်အခဲဖြစ်အောင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဆီးရီးယားနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီပြီး ပြည်တွင်းစစ်ဖြစ်ပွားနေချိန်အတွင်း အစ္စရေးဟာ နိုင်ငံမြောက်ပိုင်းရှိ ဆီးရီးယားကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ရာနဲ့ချီလုပ်ဆောင်ခဲ့ဖူးကြောင်းသိရပါတယ်။ အစ္စရေးနိုင်ငံဟာ အောက်တိုဘာလ ၇ ရက်မှာ ဟားမက်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေ ခံရပြီးနောက် ဟားမက်စ်အဖွဲ့ထိန်းချုပ်ထားတဲ့ ဂါဇာဒေသကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ အရှိန်မြင့်လုပ်ဆောင်နေချိန်မှာ ဆီးရီးယားနဲ့ လက်ဘနွန်ဘက်ခြမ်းတွေကို ပစ်ခတ်မှုတွေရှိနေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျန်းမာရေးဝန်ကြီးဌာန နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့တွင် ဝန်ထမ်း (၃၀၀)ကျော် လိုအပ်နေ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ