ကျန်းမာရေးဝန်ကြီးဌာန နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့တွင် ဝန်ထမ်း (၃၀၀)ကျော် လိုအပ်နေ
စော(NSS) - အောက်တိုဘာ ၁၅
ကျန်းမာရေးဝန်ကြီးဌာန၊ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့တွင် ဝန်ထမ်း (၃၀၀)ကျော် လိုအပ်နေကြောင်း သိရသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ယနေ့(အောက်တိုဘာလ ၁၅ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့တွင် လစ်လပ်နေသော ဦးစီးအရာရှိရာထူးအပါအဝင် ဆရာဝန် (၃၄၇)ဦးကို ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာနတို့တွင် ဆရာဝန်(သစ်လွင်)အတွက် (၁၈၀)ဦး အပါအဝင် ဆရာဝန်(သွားနှင့်ခံတွင်း) အတွက် (၂၀)ဦး၊ ဆရာဝန်(သရုပ်ပြ)အတွက် (၈၉)ဦး နှင့် ဆရာဝန်(သွားနှင့်ခံတွင်း)(သရုပ်ပြ) အတွက် (၂၆)ဦးတို့ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင်လည်း ဦးစီးအရာရှိ (အစားအသောက်)အတွက် (၇)နေရာ၊ ဦးစီးအရာရှိ (ဆေးဝါး)အတွက် (၆)နေရာနှင့် ဦးစီးအရာရှိ (ဆေးပစ္စည်း၊ အလှကုန် နှင့် လူသုံးကုန်)အတွက် (၆)နေရာ ခေါ်ယူသွားမည်ဖြစ် ကြောင်း သိရသည်။
အလားတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် တာဝန်ခံဆရာဝန်အတွက် (၁၃)နေရာတို့ကို ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများကို နေပြည်တော်၊ ရုံးအမှတ်(၁၇)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ နှင့် ပြည် ထောင်စုရာထူးဝန်အဖွဲ့(ရန်ကုန်ရုံးခွဲ)၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ အဝေရာလမ်း၊ အမှတ်(၆၅)တို့တွင် ထုတ်ယူနိုင်ကြောင်း သိရသည်။
အဆိုပါ လျှောက်လွှာများကို လူကိုယ်တိုင်၊ စာတိုက်မှတစ်ဆင့် (သို့မဟုတ်) Online စနစ်ဖြင့် e-Recruitment and Selection System တို့ကို အသုံးပြုပြီး နိုဝင်ဘာလ (၁၄)ရက်နောက် ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လျှောက်ထားသူများသည် သတ်မှတ်ပညာအရည်အချင်းနှင့် အသေးစိတ်အချက် အလက်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုက်ခိုက်မှုတွေ မရပ်တန့်ဘူးဆိုရင် အစ္စရေးတို့ ဆိုးရွားတဲ့အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ အီရန်အစိုးရ သတိပေး
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း