တိုက်ခိုက်မှုတွေ မရပ်တန့်ဘူးဆိုရင် အစ္စရေးတို့ ဆိုးရွားတဲ့အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ အီရန်အစိုးရ သတိပေး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၅
အီရန်အစိုးရဟာ ဂါဇာဒေသအပေါ် တိုက်ခိုက်နေမှုတွေ မရပ်ဘူးဆိုရင် ဆိုးရွားတဲ့အကျိုးဆက်တွေ ရင်ဆိုင်ရတော့မှာဖြစ်ကြောင်း အီရန်အစိုးရက သတိပေးလိုက်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အီရန်သံတမန်အဖွဲ့က "အစ္စရေးဟာ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတာတွေ၊ လူမျိုးသုန်းသတ်ဖြတ်မှုကျူးလွန်နေတာတွေကို မရပ်တန့်ဘူးဆိုရင် အခြေအနေတွေက ထိန်းချုပ်လို့ရမှာ မဟုတ်ဘဲ ဆိုးရွားတဲ့အကျိုးဆက်တွေ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။
အီရန်နိုင်ငံဟာ ဂါဇာဒေသကို အစ္စရေးရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အကျယ်လောင်လုံး ဝေဖန်နေတဲ့နိုင်ငံဖြစ်ကြောင်း သိရပါတယ်။ အီရန်သမ္မတဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဆီးရီးယားသမ္မတအာဆက်ဒ် နဲ့ ဆွေးနွေးခဲ့ပြီး အစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုတုံ့ပြန်ဖို့ အာရပ်လူမျိုးတွေ စုစည်းညီညွတ်ဖို့ တောင်းဆိုခဲ့ဖူးကြောင်း သိရပါတယ်။ အီရန်ဟာ အစ္စရေးကိုတိုက်ခိုက်ဖို့ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်အုပ်စုကို ခွင့်ပြုချက်ပေးခဲ့ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန်အခြေစိုက်သတင်းစာက ဖော်ပြခဲ့ပေမယ့် အီရန်ဘက်ကတော့ ငြင်းဆန်ထားပါတယ်။
အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ ဟားမက်စ်နဲ့ ဟစ်ဘိုလာအုပ်စုတွေကို အဓိကကူညီထောက်ပံ့ပေးနေတဲ့နိုင်ငံဖြစ်ကြောင်း ဝေဖန်ခံနေရပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amirabdollahian ဟာ ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြားတင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဟားမက်စ်အဖွဲ့ခေါင်းဆောင် Ismail Haniyeh နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဟားမက်စ်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးအဖွဲ့အပေါ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ပွဲစတင်ခဲ့ရာ အစ္စရေးက ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်ခဲ့တဲ့အတွက် ပါလက်စတိုင်းပြည်သူ ၂ဝဝဝ ကျော် သေဆုံးထားရကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုသိမ်ကြီးမြို့နယ်ရှိ ရေမြောင်းတစ်ခုအတွင်း၌ ဓားဒဏ်ရာများစွာဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏အလောင်းတွေ့ရှိ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း