ပုသိမ်ကြီးမြို့နယ်ရှိ ရေမြောင်းတစ်ခုအတွင်း၌ ဓားဒဏ်ရာများစွာဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏အလောင်းတွေ့ရှိ
NSS - အောက်တိုဘာ ၁၅
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ရေမြောင်းတစ်ခုအတွင်း၌ ဓားဒဏ်ရာ(၇)ချက်ဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းအားတွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ပုသိမ်ကြီးမြို့ နယ်၊ ကန်ကောက်အရှေ့ရပ်ကွက်၊ (၃၃)လမ်းနှင့် မြို့ပတ်လမ်းထောင့်ရှိ ရေမြောင်းအတွင်း၌ တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါရေမြောင်းအတွင်း၌ အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ် ဖွဲ့မှသွားရောက်စစ်ဆေးခဲ့ရာ ဓားဒဏ်ရာ(၇)ချက်ဖြင့် ထိုးခုတ်သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦးအလောင်းအားတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။
ထိုသို့ ဓားဖြင့်ထိုးခုတ်သတ်ဖြတ်ခံရမှုကြောင့် အသက်(၄၅)နှစ်အရွယ်အမျိုးသား၏ ဦးခေါင်းနောက်စေ့နှင့် လည်ပင်းတို့တွင် ပြတ်ရှဒဏ်ရာ (၂)ချက်၊ နောက်ကျော၌ ထိုးသွင်းဒဏ်ရာ (၅)ချက်တို့ဖြင့် သေဆုံးနေခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၁၃ ရက်၊ နံနက် ၄ နာရီအချိန်တွင် မတ္တရာမြို့နယ်၊ ပိဿကာစုကျေးရွာတွင် နေအိမ်တွင်းအိပ်နေသည့် အမျိုးသားတစ်ဦးကို PDF အဖွဲ့မှသေနတ်ဖြင့်ပစ် ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးကျော်ဇင်ဝင်းသည် ၎င်းမိသားနှင့်အတူ နေအိမ်၌အိပ်နေစဉ် PDF အဖွဲ့အင်အား (၃)ဦးက ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ဦးကျော်ဇင်ဝင်း(၃၆)နှစ်တွင် ဝဲဘက်နား ထင်၊ လည်ပင်းနှင့် ရင်ဘတ်တို့၌ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါလုပ်ကြံသတ်ဖြတ်မှုများတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ် ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ခရီးသည်တင်ကားတစ်စီး လမ်းချော်တိမ်းမှောက်မှုဖြစ်ပွား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ