ရန်ကုန်-မန္တလေးအမြန်လမ်း၌ ခရီးသည်တင်ကားတစ်စီး လမ်းချော်တိမ်းမှောက်မှုဖြစ်ပွား
စော (NSS) - အောက်တိုဘာ ၁၅
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ခရီးသည်တင်ကားတစ်စီးသည် မိုးရွာသွန်းမှုကြောင့် လမ်း ချော်ပြီး တိမ်းမှောက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၁၅ ရက်)၊ နံနက် (၈)နာရီခွဲအချိန်ဝန်းကျင်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၅၂/၁) နှင့် (၃၅၂/၂)ကြားတို့၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မိုးကရွာထားတော့ မြေကပျော့နေတာလေ။ နောက်ပြီး သူတို့ ဘရိတ်ကလည်း မကောင်းတော့။ ဘရိတ်ပေါက်ပြီး မြေပျော့ထဲဝင်သွားပြီး မှောက်သွားတာပါ။ ကြီးကြီးမားမားမဖြစ်ပါဘူး။ ကားပေါ်မှာတော့ ကိုးယောက်ပဲပါလာတာပါ။ ထိခိုက်ဒဏ်ရာရရှိတဲ့လူမရှိပါဘူး” ဟု စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ခရီးသည်တင်ကားတစ်စီးသည် ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာစဉ် မိုးရွာသွန်းမှုကြောင့် လမ်းချော်ပြီး ညာဘက်သို့ တိမ်းမှောက်သွားကြောင်း သိရသည်။
ထို့သို့ တိမ်းမှောက်မှုကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း စကားအင်းအမြန်လမ်း မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့(အောက်တိုဘာလ ၁၅ ရက်)၊ နံနက် (၉)နာရီဝန်းကျင်အချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုက်ကားကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၌ ဆီဘောက်ဆာယာဉ် (၁)စီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ