ပြင်သစ်နိုင်ငံရှိ ကျောင်းတစ်ခုတွင် ဓါးထိုးမှုဖြစ်ပွားခဲ့ပြီး ကျောင်းဆရာတစ်ဦးသေဆုံးကာ အခြားလူ(၂)ဦး ထိခိုက် ဒဏ်ရာရရှိ
Pika (NSS) - အောက်တိုဘာ ၁၄
ပြင်သစ်နိုင်ငံရှိ ကျောင်းတစ်ကျောင်းတွင် ဓါးထိုးမှုဖြစ်ပွားခဲ့ပြီး ဆရာတစ်ဦးသေဆုံးကာ အခြားလူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့များသည် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး အသက်(၂ဝ)အရွယ်ရှိ ချေချင်းညာလူမျိုးတစ်ဦးကို အောက်တိုဘာလ (၁၃)ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။ ဓါးထိုးမှုသည် ပြင်သစ်နိုင်ငံ မြောက်ပိုင်း Arras မြို့ရှိ Gambetta အထက်တန်းကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓါးထိုးမှုဖြစ်ပွားပြီးနောက် ပြင်သစ်သမ္မတမက်ခရွန် အပါအဝင် အကြီးတန်းအစိုးရအရာရှိများသည် အဆိုပါမြို့သို့ သွားရောက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါအမျိုးသားသည် အောက်တိုဘာလ(၁၃)ရက် နံနက်(၁၁)နာရီအချိန် တွင် ကျောင်းဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ‘Allahu Akbar’ ဆိုသည့်စကားကို အော်ဟစ် ပြောဆိုခဲ့ကြောင်း ပြင်သစ်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါအမျိုးသားသည် အသက်(၂ဝ)အရွယ်ရှိ ကျောင်းသားဟောင်းတစ်ဦးဖြစ်ကြောင်း နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။ Le Figaro သတင်းစာ၏ ဖော်ပြချက်အရ ပြစ်မှုကျူးလွန်သူသည် ယခင်က နိုင်ငံတော်လုံခြုံရေးကို ဆိုးရွားစွာခြိမ်းခြောက်ခဲ့သူအဖြစ် တရားဥပဒေစိုးမိုးရေးအေဂျင်စီများက သတ်မှတ်ခဲ့သော ချေချင်းညာလူမျိုးတစ်ဦးဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာတွင် မပါဝင်ခဲ့သော သံသယရှိသူ၏ အစ်ကိုဖြစ်သူကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါအမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ပြင်သစ်နိုင်ငံ အမျိုးသားအကြမ်းဖက်မှုတိုက်ဖျက်ရေး အစိုးရရှေ့နေရုံးကို တာဝန်ပေးအပ်ထားကြောင်းလည်း သိရသည်။
ဓါးထိုးမှုအတွင်း သေဆုံးခဲ့သူမှာ စာပေဆရာတစ်ဦးဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သော အခြားဆရာတစ်ဦး နှင့် အစောင့်တစ်ဦးတို့မှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း သတင်းများ၏ ဖော်ပြချက်အရ သိရသည်။ ဓါးဖြင့်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် Arras မြို့တွင် စစ်သား(၇)ထောင်ခန့်ကို ဖြန့်ကျက်ချထားသွားမည်ဖြစ်ကြောင်း ပြင်သစ်အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်၊ ရုရှားတို့နှင့်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း အမေရိကန်လွှတ်တော် ပြော
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း