တရုတ်၊ ရုရှားတို့နှင့်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း အမေရိကန်လွှတ်တော် ပြော
Pika (NSS) - အောက်တိုဘာ ၁၄
ရုရှား နှင့် တရုတ်တို့၏ ပေါင်းစပ်အင်အားကို ရင်ဆိုင်နိုင်ရန်အတွက် အမေရိကန်သည် ၎င်း၏ နျူကလီးယားလက်နက်တိုက် နှင့် စစ်တပ်တို့ကို အဆင့်မြှင်ရန် နှင့် ပိုမိုတိုးချဲ့ရန်လိုအပ်ကြောင်း congressional Strategic Posture Commission က တိုက်တွန်းပြောခဲ့သည်။
congressional Strategic Posture Commission က "အမေရိကန်နဲ့ ၎င်းရဲ့ မိတ်ဖက်နိုင်ငံတွေဟာ ရုရှားနဲ့တရုတ် ရန်သူနှစ်ဦးလုံးကို ဟန့်တားအနိုင်ယူဖို့အတွက် အဆင်သင့်ဖြစ်နေရပါမယ်။ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာ စည်းမျဉ်းတွေနဲ့ စံနှုန်းတွေဟာ တရုတ် နဲ့ ရုရှားအာဏာရှင်အစိုးရတို့ရဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ရုရှား နဲ့ တရုတ်တို့ပူးပေါင်းလုပ်ဆောင်မှုတွေရှိနေတယ်ဆိုတဲ့ တိကျတဲ့သက်သေအထောက်အထားတွေကိုတော့ မပြနိုင်သေးပါဘူး။ ဒါပေမယ့်လည်း သူတို့ကြားမှာ ညှိနှိုင်းဆောင်ရွက်တာမျိုးတွေ ရှိနိုင်ခြေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တကယ်စိုးရိမ်မိပါတယ်။ ဒါဟာ ကျွန်တော်တို့ကို ရုရှား-တရုတ်ပေါင်းစပ်စစ်ပွဲနဲ့ ကြုံတွေ့ရစေနိုင်ပါ တယ်" ဟု ပြောခဲ့သည်။
ရုရှား နှင့် တရုတ်တို့၏ ပေါင်းစပ်အင်အား ခြိမ်းခြောက်မှုသည် ၂ဝ၂၇ ခုနှစ်တွင် ပိုမိုပြင်းထန်လာနိုင်ခြေရှိသောကြောင့် အမေရိကန်သည် ပြင်ဆင်မှုများ လုပ်ဆောင်ရန်အတွက် ဆုံးဖြတ်ချက်များချရန် လိုအပ်ကြောင်း congressional Strategic Posture Commission က ပြောခဲ့သည်။
အစီရင်ခံစာပါ တွေ့ရှိချက်(၁၃၁)ခု နှင့် အကြံပြုချက်(၈၁)ခုတို့အရ အမေရိကန်သည် ၎င်း၏ တပ်ဖွဲ့ဝင်များ နှင့် Nuclear Triad နှစ်ခုလုံးကို တိုးချဲ့ရန်လိုအပ်ကြောင်း ပြောဆိုထားသည်။ ထို့အပြင် အဆိုပါအစီရင်ခံစာထဲတွင် B-21 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်များ နှင့် Columbia-class ပဲ့ထိန်းဒုံးကျည်ရေငုပ်သင်္ဘောများကို တောင်းဆိုထား ကြောင်းလည်း သိရသည်။
B-21 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ကို ဆက်လက်အဆင့်မြှင့်တင်နေဆဲဖြစ်ပြီး ၂ဝ၂၇ ခုနှစ် အစောပိုင်းတွင် စတင်အသုံးပြုနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ Columbia-class ပဲ့ထိန်းဒုံးကျည်ရေငုပ်သင်္ဘောနှစ်စီးကို ဆက်လက်တည်ဆောက်နေဆဲဖြစ်ပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် ပြီးဆုံးရန် မျှော်လင့်ထားကြောင်း သိရသည်။
အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့ချုပ်(FAS) က "မဟာဗျူဟာမြောက်နျူကလီးယားဒုံးကျည်စနစ် အရေအတွက်ကို ပိုမိုတိုးမြှင့်ဖို့ congressional Strategic Posture Commissionက အကြုံပြုထားပေမယ့်လည်း အစီရင်ခံစာ တစ်ခုလုံးမှာ ကုန်ကျစရိတ်ကို ဖော်ပြထားခြင်းမျိုးတော့ မရှိခဲ့ပါဘူး” ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတကာကစားသမားဘဝမှ အနားယူမည့်အစီအစဉ်များမရှိသေးကြောင်း စီရော်နယ်ဒို ထုတ်ဖော်ပြော
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ