ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာတွင် ဖြစ်ပွားခဲ့သောပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူ(၅)ဦးအနက် တစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်
Pika (NSS) - အောက်တိုဘာ ၁၄
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Siam Paragon ဈေးဝယ်စင်တာတွင် အောက်တိုဘာလ(၃)ရက်က ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူ(၅)ဦးထဲတွင် ပါဝင်သည့် အမျိုးသမီးတစ်ဦးသည် အောက်တိုဘာလ(၁၃) ရက် နံနက်(၂)နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါအမျိုးသမီးသည် ပစ်ခတ်မှုအတွင်း ရရှိခဲ့သော ထိခိုက်ဒဏ်ရာများကြောင့် ဆေးရုံတင်ထားခဲ့ရသည့်အချိန် ကတည်းက မေ့မြောနေခြင်းဖြစ်ကြောင်းလည်း သိရသည်။ Penphiwan အမည်ရှိ အမျိုးသမီးသေဆုံးပြီးနောက် Siam Paragon ဈေးဝယ်စင်တာတွင် ဖြစ်ပွားခဲ့သောပစ်ခတ်မှုကြောင့် သေဆုံးသူဦးရေမှာ (၃)ဦးထိ ရှိလာပြီဖြစ်သည်။
အဆိုပါပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့သော အခြားလူနှစ်ဦးမှာ တရုတ် နှင့် မြန်မာနိုင်ငံသားတို့ ဖြစ်ကြောင်း သိရသည်။ ပစ်ခတ်မှုကြောင့် Penphiwan အပါအဝင် အခြားလူ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ songdoubles အမည်ရှိ အကောင့်က တွစ်တာတွင် တင်ထားသော ပို့စ်တစ်ခုတွင် "Penphiwan ကို ဆေးရုံ စတင်တဲ့အချိန်ကတည်းက အကောင်းဆုံးကုသမှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူမဟာ ဒီနေ့ မနက်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ သေနတ်သမားရဲ့မိဘတွေဟာ Penphiwan ရဲ့မိဘတွေကို သွားရောက် တောင်းပန်ခဲ့ပါတယ်" ဟု တင်ထားသည်။
Penphiwan သေဆုံးမှုနှင့်ပတ်သက်ပြီး ၎င်း၏မိဘများထံ အကြောင်းကြားပြီးပြီဖြစ်ကြောင်း Metropolitan Police Bureau အမှတ်(၆) ဌာနခွဲမှူး ရဲမှူးချုပ် Nakharin Sukhonthavit က ပြောကြားခဲ့သည်။ ပစ်ခတ်မှုကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်သလို အစီရင်ခံစာကို လျှို့ဝှက်ထားဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ သေနတ် သမားမှာ အသက်(၁၄)နှစ်အရွယ် ကောင်လေးတစ်ဦးဖြစ်ပြီး ၎င်းကို စိတ်ရောဂါအကဲဖြတ်မှုများ လုပ်ဆောင်ရန် အတွက် Galya Rajanagarindra Institute တွင် ထိန်းသိမ်းထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်သည့်အကြောင်းအရာများကို တယ်လီဂရမ်အပ်ပ်တွင် ဆက်လက်တင်ခွင့်ပြုမည်
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း