အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်သည့်အကြောင်းအရာများကို တယ်လီဂရမ်အပ်ပ်တွင် ဆက်လက်တင်ခွင့်ပြုမည်
Pika (NSS) - အောက်တိုဘာ ၁၄
ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်သော တယ်လီဂရမ်သည် အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဆက်လက်တင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း တယ်လီဂရမ်အပ်ပ်စီအီးအို Pavel Durov က ပြောကြားခဲ့သည်။
ထို့အပြင် တယ်လီဂရမ်အပ်ပ်သည် အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအတွက် အရေးကြီးသောချန်နယ်တစ်ခုဖြစ်သည်ဆိုသည့်အချက်ကို သက်သေပြသွားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။ ဆိုရှယ်မီဒီယာပလက်ဖောင်းများဖြစ်သော တွစ်တာ၊ Meta နှင့် TikTok တို့သည် မဟုတ်မှန်သော သတင်း ရေးသားမှုများနှင့် အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်သည့်သတင်းဖော်ပြမှုများအပေါ် ဝေဖန်ခံနေရချိန်တွင် တယ်လီဂရမ်အပ်ပ်စီအီးအို Pavel Durov က ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
တယ်လီဂရမ်အပ်ပ်စီအီးအို Pavel Durov က "တယ်လီဂရမ်ရဲ့စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေနဲ့ AI tools တွေ ဟာ ကျွန်တော်တို့ရဲ့ပလက်ဖောင်းပေါ်မှ အန္တရာယ်ရှိတဲ့အကြောင်းအရာ သန်းပေါင်းများစွာကို ဖယ်ရှားပစ်ခဲ့ပါ တယ်။ ဒါပေမယ့် အစ္စရေး-ဟားမက်စစ်ပွဲနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုတော့ ဆက်လက်တင်ခွင့်ပြု သွားမှာပါ။ ဒီစစ်ပွဲနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေ တင်တာကို ဖယ်ရှားပစ်တာက ကျွန်တော်တို့အတွက် လွယ်ကူပေမယ့် ဒါဟာ ဆိုးရွားတဲ့အခြေအနေတွေကို ဖြစ်လာစေမှာပါ။ ဟားမက်စ်တွေဟာ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်တာမျိုး မလုပ်ဆောင်ခင်မှာ Ashkelon မြို့မှာရှိတဲ့ အစ္စရေးနိုင်ငံသားတွေကို မြို့တွင်းကနေ ချက်ချင်း ထွက်ခွာဖို့ တယ်လီဂရမ်အပ်ကို အသုံးပြုပြီး သတိပေးခဲ့ပါတယ်။ ဒီလိုသတင်းအချက်အလက်တွေတင်နေတဲ့ ချန်နယ်တွေကို ပိတ်ပစ်လိုက်တာဟာ အသက်အန္တရာယ်တွေကို ကယ်ဆယ်နိုင်မှာလား ဒါမှမဟုတ် အသက် အန္တရာယ်ပိုဖြစ်စေမှာလားဆိုတာ သိကြမှာပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်သစ်နိုင်ငံရှိ ကျောင်းတစ်ခုတွင် ဓါးထိုးမှုဖြစ်ပွားခဲ့ပြီး ကျောင်းဆရာတစ်ဦးသေဆုံးကာ အခြားလူ(၂)ဦး ထိခိုက် ဒဏ်ရာရရှိ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ