Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သာသနာ့တက္ကသိုလ်များမှ ဂုဏ်ထူးဆောင်ဓမ္မပါရဂူဘွဲ့ရ အပါအဝင် သံဃာအပါး (၃ဝဝဝ)ကျော် ပေါ်ထွန်းခဲ့ပြီး နယ်စပ်ဒေသများ၌ သာသနာပြုလျက်ရှိ

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂၅

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(၂)ခုမှ ဂုဏ်ထူးဆောင်ဓမ္မပါရဂူဘွဲ့ရ အပါအဝင် သံဃာအပါး (၃ဝဝဝ)ကျော် ပေါ်ထွန်းခဲ့ပြီး သာသနာပြုလျက်ရှိကြောင်း ဝန်ကြီးဦးကိုကိုက ပြောသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဦးကိုကိုက ဖေဖော်ဝါရီလ ၂၄ ရက်တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်း မြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည့် အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ပရိယတ္တိပညာရေး ရေရှည်တည်တံ့ခိုင်မြဲစေရေးကို ရှေးရှုကာ နိုင်ငံ တော်ပရိယတ္တိသာ သနာ့တက္ကသိုလ်(၂)ခုကို တည်ထောင်ဖွင့်လှစ်ခဲ့ရာတွင် (၃၇)နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။

၎င်းတက္ကသိုလ်များမှ သာသနတက္ကသီလဓမ္မာစရိယ (B.A) ဘွဲ့ရ သံဃာ(၂၆၅၃)ပါး၊ သာသနတက္ကသီလမဟာဓမ္မာစရိယ (M.A)ဘွဲ့ရ (၄၈၄) ပါး၊ သာသနတက္ကသီလဓမ္မပါရဂူ (Ph.D)ဘွဲ့ရ (၁၄)ပါး၊ ဂုဏ်ထူး ဆောင်ဓမ္မပါရဂူ (D.Litt)ဘွဲ့ရ (၅)ပါး စုစုပေါင်း (၃၁၅၆)ပါး ပေါ်ထွန်းခဲ့ကြောင်း ဝန်ကြီးက ပြောဆိုခဲ့သည်။

လက်ရှိတွင် အဆိုပါသံဃာတော်များအနေဖြင့် နယ်စပ်နှင့်တောင်တန်းဒေသများတွင် ကြွရောက်ကာ သာသနာပြုလျက်ရှိကြောင်းလည်း ဝန်ကြီးဦးကိုကိုက အသိပေးပြောဆိုထားသည်။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၌ ပညာသင်ကြားရေးဌာန (၇)မျိုးရှိပြီး ၎င်း(၇)မျိုးအနက်မှ မဟာဌာနကြီး(၃)ခုတွင်ပါဝင်သည့် ဘာသာရပ်(၄)မျိုးကို ဟောပြောမှုပုံစံဖြင့် သင်ကြားခြင်း၊ ပုံစံထုတ် ၍ရှင်းပြခြင်း၊ နိယံ၊ အဋ္ဌကထာနှင့် ဋီကာ အဆိုတို့အရ ဥပဒေသထုတ်ပြခြင်းအပါအဝင် သင်ကြားနည်း (၆)မျိုးဖြင့် မွမ်းမံသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံ၌ ပဋိပက္ခများဖြစ်ပွားခဲ့ရာ ရဟန်းသံဃာအပါး(၇ဝ)ကျော်မှာ အကြမ်းဖက်သတ်ခြင်း ခံခဲ့ရသည်။

ရဟန်းသံဃာ၊ နိုင်ငံ့ဝန်ထမ်းနှင့် အရပ်သားပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ခြင်းမျိုး မပြုလုပ်ကြရန် နိုင်ငံရေးအသိုင်းအဝိုင်းမှ လူအချို့နှင့် သံဃာတော်အချို့မှ တောင်းဆိုမှုများရှိခဲ့သော်လည်း အများစုမှာ နှုတ်ဆိတ်နေလျက်ရှိကြသည်။

zawgyi version











Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားနိုင်ငံက အီရန်နိုင်ငံကို တိုက်လေယာဉ်များကူညီထောက်ပံပေးဖွယ်ရှိနေဟု အမေရိကန်အစိုးရပြော

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved