ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်အမတ်ဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ၍ သေဆုံး
မြူနစ် (NSS) - အောက်တိုဘာ ၁၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိုးအောင်သည် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ၍ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၁၂ ရက်)၊ နံနက် ၆ နာရီအချိန်ခန့်တွင် ပဲခူးတိုင်း၊ သဲကုန်းမြို့ပေါ်ရှိ ဈေးအနီးတွင် ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ သဲကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဟောင်း ဦးစိုးအောင်သည် ယနေ့ နံနက်ပိုင်းတွင် သဲကုန်းဈေးအတွင်း၌ ဖွင့်လှစ်ထားသည့် ၎င်း၏ ဆိုင်သို့သွားရောက်စဉ်အချိန်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“သူက သဲကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဟောင်းပါ။ သဲကုန်းဈေးထဲမှာ ဆိုင်ဖွင့်ထားတာရှိပါတယ်။ ဆိုင်ဖွင့်ဖို့ အသွားမှာ အသတ်ခံရတာလို့ သိရပါတယ်။ လည်ပင်းမှာ ကျည်ဖောက်ထွက်သွားတယ်လို့ သိရတယ်။ ချက်ချင်းတော့ မသေပါဘူး။ ဆေးရုံရောက်တဲ့အခါမှာ ဆုံးသွားတယ်လို့ သိရပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် လွှတ်တော်အမတ်ဟောင်း ဦးစိုးအောင်သည် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ကုသစဉ်အချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဦးစိုးအောင်သည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်၊ ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် ပဲခူးတိုင်းအနောက်ပိုင်း၊ သဲကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ရွေးချယ်ခံခဲ့ရာ ရွေးကောက်တင်မြှောက်ခံခဲ့ရသူတစ်ဦးဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဟောင်း ဦးစိုးအောင်အား ပျူစောထီးခေါင်ဆောင်အဖြစ် စွပ်စွဲကာ ပြည်ခရိုင် PDF အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့အဖွဲ့က အသိပေးထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
လက်ရှိနစကအစိုးရလက်ထက်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များ၊ ထောက်ခံသူ၊ ဝန်းရံသူ (၂၀၀၀) ဝန်းကျင်ခန့် သတ်ဖြတ်ခံထားရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူများ မဖြစ်မနေလိုအပ်သော ဆေးဝါး၊ စက်သုံးဆီ နှင့် စားသုံးဆီများ ဈေးနှုန်းမကြီးမြင့်ရန် ကြပ်မတ်သွားမည်ဟုဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ