Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘုရားသုံးဆူမြို့ရဲစခန်းကို လက်နက်ကိုင်အဖွဲ့မှ ကား(၃)စီးဖြင့် လာရောက်ပစ်ခတ်ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားအပါအဝင် ထိခိုက်သေဆုံးမှုများရှိခဲ့

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂၅

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ရဲစခန်းကို လက်နက်ကိုင်အဖွဲ့မှ ကား(၃)စီးဖြင့် လာရောက်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားအပါအဝင် ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီလ ၂၅ ရက်)၊ နံနက် ၆ နာရီအချိန်ခန့်တွင် ဘုရားသုံးဆူရဲစခန်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ မနက် ၆ နာရီလောက်က ရဲစခန်းကို လာပစ်တာပါ။ မြို့ပေါ်အထိ လာပစ်တာပေါ့။ ကားသုံးစီးနဲ့လာပစ်တာ။ အင်အားကတော့ သိပ်မများလောက်ဘူး။ အဲဒီလိုပစ်တော့ ဒီဘက်ကလည်း ပြန်ပစ်တာပေါ့။ တပ်ကလည်း တပ်ကူလာပြီးတော့ ပစ်တာပေါ့။ တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာတွေ့တယ်။ အဲဒီအခါကျမှ ဟိုဘက်က ငြိမ်သွားတယ်။ ရဲစခန်းတော့ ကျမသွားဘူး” ဟု ဘုရားသုံးဆူရဲစခန်းအနီးရှိ မြို့ခံတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။

အဆိုပါရဲစခန်းအား KNU၊ PDF ပူးပေါင်းလက်နက်ကိုင်အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံသတင်းအရင်းအမြစ်က ပြောဆိုထားသော်လည်း NP News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့ပြင် ၎င်းတိုက်ပွဲအတွင်း ရဲစခန်းရှေ့အနီးတွင် နေထိုင်သော အရပ်သားများဖြစ်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ လက်နက်ကြီးကျည်စထိမှန်ကာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“သူတို့က ရဲစခန်းရှေ့မှာ နေတဲ့သူတွေပါ။ လက်နက်ကြီးကျည်စထိမှန်တာပေါ့။ အမျိုးသမီးကတော့ လက်နဲ့ဦး ခေါင်းကို ရှပ်ထိသွားတာပေါ့။ ပြီးတော့ အမျိုးသားတစ်ဦးကတော့ ဆီးစပ်ကို ထိမှန်သွားတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး” ဟု ဘုရားသုံးဆူမြို့ခံက ဆက်လက်ပြောသည်။

ဆက်လက်ပြီး ဘုရားသုံးဆူရဲစခန်းအား လာရောက်ပစ်ခတ်တိုက်ခိုက်သည့်အဖွဲ့ဘက်မှလည်း (၃)ဦး ထိ ခိုက်သေဆုံးမှုရှိခဲ့ကြောင်း ကြားသိရသည်ဟု အထက်ပါမြို့ခံက ဆိုသည်။

ထိုသို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း ရဲစခန်းအနီးရှိ ဝင်းသန္တာအထည်ချုပ်ရုံမှာလည်း လက်နက် ကြီးထိမှန်မှုကြောင့် အဆောက်အဦး၏ အမိုးနှင့်တံခါးတို့တွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲသည် နှစ်နာရီနီးပါးကြာမြင့်ခဲ့ပြီး ဘုရားသုံးဆူရဲစခန်းဘက်မှ ထိခိုက်ပျက်စီးမှုအခြေအနေကို လတ်တလောတွင် မသိရှိရသေးကြောင်းလည်း မြို့ခံတစ်ဦးက မှတ်ချက်ပြုထားသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် ဘုရားသုံးဆူမြို့ပေါ်၌ မူလအတိုင်း တည်ငြိမ်လျက်ရှိပြီး မြို့ခံများမှာလည်း ပုံမှန်ဈေးရောင်းဈေးဝယ် ပြုလုပ်နေကြလျက်ရှိကြောင်း မြို့ခံတစ်ဦးက အသိပေးပြောဆိုထားသည်။

zawgyi version

ဘုရားသုံးဆူၿမိဳ႕ရဲစခန္းကို လက္နက္ကိုင္အဖြဲ႕မွ ကား(၃)စီးျဖင့္ လာေရာက္ပစ္ခတ္ရာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး အရပ္သားအပါအဝင္ ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့

မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၂၅

ကရင္ျပည္နယ္၊ ဘုရားသုံးဆူၿမိဳ႕ရဲစခန္းကို လက္နက္ကိုင္အဖြဲ႕မွ ကား(၃)စီးျဖင့္ လာေရာက္တိုက္ခိုက္ရာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး အရပ္သားအပါအဝင္ ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ေဖေဖာ္ဝါရီလ ၂၅ ရက္)၊ နံနက္ ၆ နာရီအခ်ိန္ခန႔္တြင္ ဘုရားသုံးဆူရဲစခန္း၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“ဒီေန႔ မနက္ ၆ နာရီေလာက္က ရဲစခန္းကို လာပစ္တာပါ။ ၿမိဳ႕ေပၚအထိ လာပစ္တာေပါ့။ ကားသုံးစီးနဲ႔လာပစ္တာ။ အင္အားကေတာ့ သိပ္မမ်ားေလာက္ဘူး။ အဲဒီလိုပစ္ေတာ့ ဒီဘက္ကလည္း ျပန္ပစ္တာေပါ့။ တပ္ကလည္း တပ္ကူလာၿပီးေတာ့ ပစ္တာေပါ့။ တပ္ဘက္က လက္နက္ႀကီးေတြနဲ႔ ျပန္ပစ္တာေတြ႕တယ္။ အဲဒီအခါက်မွ ဟိုဘက္က ၿငိမ္သြားတယ္။ ရဲစခန္းေတာ့ က်မသြားဘူး” ဟု ဘုရားသုံးဆူရဲစခန္းအနီးရွိ ၿမိဳ႕ခံတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။

အဆိုပါရဲစခန္းအား KNU၊ PDF ပူးေပါင္းလက္နက္ကိုင္အဖြဲ႕က လာေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ၿမိဳ႕ခံသတင္းအရင္းအျမစ္က ေျပာဆိုထားေသာ္လည္း NP News အေနျဖင့္ သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးေပ။

ထို႔ျပင္ ၎တိုက္ပြဲအတြင္း ရဲစခန္းေရွ႕အနီးတြင္ ေနထိုင္ေသာ အရပ္သားမ်ားျဖစ္သည့္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးမွာ လက္နက္ႀကီးက်ည္စထိမွန္ကာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“သူတို႔က ရဲစခန္းေရွ႕မွာ ေနတဲ့သူေတြပါ။ လက္နက္ႀကီးက်ည္စထိမွန္တာေပါ့။ အမ်ိဳးသမီးကေတာ့ လက္နဲ႔ဦး ေခါင္းကို ရွပ္ထိသြားတာေပါ့။ ၿပီးေတာ့ အမ်ိဳးသားတစ္ဦးကေတာ့ ဆီးစပ္ကို ထိမွန္သြားတယ္။ စိုးရိမ္စရာေတာ့ မရွိပါဘူး” ဟု ဘုရားသုံးဆူၿမိဳ႕ခံက ဆက္လက္ေျပာသည္။

ဆက္လက္ၿပီး ဘုရားသုံးဆူရဲစခန္းအား လာေရာက္ပစ္ခတ္တိုက္ခိုက္သည့္အဖြဲ႕ဘက္မွလည္း (၃)ဦး ထိ ခိုက္ေသဆုံးမႈရွိခဲ့ေၾကာင္း ၾကားသိရသည္ဟု အထက္ပါၿမိဳ႕ခံက ဆိုသည္။

ထိုသို႔ အျပန္အလွန္ပစ္ခတ္မႈျဖစ္စဥ္အတြင္း ရဲစခန္းအနီးရွိ ဝင္းသႏၲာအထည္ခ်ဳပ္႐ုံမွာလည္း လက္နက္ ႀကီးထိမွန္မႈေၾကာင့္ အေဆာက္အဦး၏ အမိုးႏွင့္တံခါးတို႔တြင္ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါတိုက္ပြဲသည္ ႏွစ္နာရီနီးပါးၾကာျမင့္ခဲ့ၿပီး ဘုရားသုံးဆူရဲစခန္းဘက္မွ ထိခိုက္ပ်က္စီးမႈအေျခအေနကို လတ္တေလာတြင္ မသိရွိရေသးေၾကာင္းလည္း ၿမိဳ႕ခံတစ္ဦးက မွတ္ခ်က္ျပဳထားသည္။

ထိုသို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ နံနက္ ၁၁ နာရီဝန္းက်င္ခန႔္တြင္ ဘုရားသုံးဆူၿမိဳ႕ေပၚ၌ မူလအတိုင္း တည္ၿငိမ္လ်က္ရွိၿပီး ၿမိဳ႕ခံမ်ားမွာလည္း ပုံမွန္ေဈးေရာင္းေဈးဝယ္ ျပဳလုပ္ေနၾကလ်က္ရွိေၾကာင္း ၿမိဳ႕ခံတစ္ဦးက အသိေပးေျပာဆိုထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မလေးရှားသို့သွားမည့် မြန်မာနိုင်ငံသား (၁ဝဝ)ကျော်ကို ကုန်ကားပေါ်တွင် ဖမ်းဆီးရမိခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ ပြော

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved