Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မလေးရှားသို့သွားမည့် မြန်မာနိုင်ငံသား (၁ဝဝ)ကျော်ကို ကုန်ကားပေါ်တွင် ဖမ်းဆီးရမိခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ ပြော

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၅

ထိုင်းနှင့်မလေးရှားနယ်စပ်ဒေသဖြစ်သော ထိုင်းနိုင်ငံ ဟတ်ရိုင်ပြည်နယ်တွင် ဖေဖော်ဝါရီလ ၂၄ ရက်၊ နံ နက်ပိုင်းက မလေးရှားနိုင်ငံကို သွားရောက်ရန်စီစဉ်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမား (၁ဝ၁)ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့်သတင်းဌာနက ဖော်ပြထားသည်။

ထိုင်းအာဏာပိုင်များအဖွဲ့သည် ဟတ်ရိုင်ဒေသတွင်ရပ်ထားသော ကုန်ကားပေါ်မှ မြန်မာနိုင်ငံသား (၁ဝဝ) ကျော် နှင့် ထိုင်းနိုင်ငံသား နှစ်ဦးကို တွေ့ရှိခဲ့ကြောင်းသိရသည်။ ဒေသခံတစ်ဦး၏ သတင်းပေးချက်အရ ထိုင်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ဒေသဆိုင်ရာအာဏာပိုင်များပါဝင်သောအဖွဲ့သည် ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက် ၂ နာရီဝန်းကျင်တွင် မြေကွက်လပ်တစ်ခုပေါ်၌ ရပ်ထားသော ၁ဝ ဘီးကားကုန်ကားကို သွားရောက်စစ်ဆေးချိန်တွင် မြန်မာနိုင်ငံသားများနှင့်ထိုင်းနိုင်ငံသားနှစ်ဦးကိုတွေ့ရှိ ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ကုန်ကားပေါ်တွင် ပုန်းနေသော အမျိုးသား (၈၂)ဦး နှင့်အမျိုးသမီး (၁၉)ဦးတို့ကိုတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံသားများဖြစ်ကြောင်း ထိုင်းရဲမှူးကြီးတစ်ဦးဖြစ်သော Chairat Kanchananate ကပြောသည်။ အဆိုပါကားပေါ်တွင် သဲများအပြည့်ခင်းထားပြီး ခရီးရှည်သွားရချိန်အတွင်း တုန်ခါမှုကို လျော့ချနိုင်ရန် သဲများကို ကားပေါ်တွင်အပြည့်ခင်းလာခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်းထိုင်းရဲတပ်ဖွဲ့ကပြောသည်။ အဆိုပါကုန်ကားကိုမောင်းနှင်သူမှာ တာနာခွန်အမည်ရှိ ထိုင်းနိုင်ငံသားနှင့် ပရာဒစ်အမည်ရှိ ကားမောင်းအကူတို့ဖြစ်ကြောင်းသိရသည်။

အဆိုပါကားသမားနှစ်ဦးက ၎င်းတို့သည် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းနိုင်ငံ ပရာချက်ကရီကန်ဒေသမှ ဟတ်ရိုင်ဒေသသို့ ခေါ်ဆောင်လာခဲ့ပြီး မလေးရှားနိုင်ငံသို့ထပ်မံပို့ဆောင်ရန် စောင့်ဆိုင်းနေချိန်အတွင်းဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့နှင့်ရဲတပ်ဖွဲ့တို့သည် ထိုင်းနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်ရန်ကြိုးပမ်းသူများနှင့် မှောင်ခိုပစ္စည်းများတင်သွင်းမှုများကိုတားဆီးထိန်းချုပ်နိုင်ရန်အတွက် နယ်စပ်ဒေသတွင် လုံခြုံရေးတင်းကြပ်ထားကြောင်းသိရသည်။

zawgyi version






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လမ်းပြောင်းပြန်မောင်းလာသည့် ကားနှင့် ဆိုင်ကယ်တို့ ယာဥ်တိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်ပေါ်မှ မိသားစု (၄)ဦးလုံးသေဆုံး

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved