ဖားကန့်မြို့နယ်၌ စားသောက်ဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရ
NSS - အောက်တိုဘာ ၁၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စားသောက်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးကို လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၁၁ ရက်)၊ ညနေ ၄နာရီခွဲအချိန်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ အောင်သာယာရပ်ကွက်(၂)ရှိ စားသောက်ဆိုင်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဘယ်လိုကြောင့်ပစ်ခံရလဲတော့ မသိခဲ့ဘူးဗျ။ အပစ်ခံရတဲ့လူက အဲဒီကစားသောက်ဆိုင်ပိုင်ရှင်ပါ။ သေနတ်ဒဏ်ရာ(၂)ချက်နဲ့ ဆိုင်ထဲမှာအပစ်ခံရတာပါ”ဟု ဒေသခံတစ်ဦးက NSS ကိုပြောသည်။
သေနတ်ဖြင့်ပစ်သတ်ခံရသည့် အမျိုးသားသည် စားသောက်ဆိုင်ပိုင်ရှင် အသက်(၄၀)နှစ်အရွယ် ဦးအောင်မြင့်သိန်း(ခ) ကိုဖက်တီးဖြစ်ပြီး သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာ (၂)ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“သေနတ်မှန်တာက နဖူးမှာတစ်ချက်နဲ့။ နောက်စေ့မှာတစ်ချက်ရပြီး အပစ်ခံရတဲ့နေရာမှာပဲဆုံးသွားတာပါ။ ကျန်တာတော့ ကျွန်တော်တို့လဲ မသိခဲ့ရပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံရသည့် အမျိုးသားအား လုံးခင်းကျေးရွာရှိ သုဿာန်သို့ပို့ဆောင်ထားရှိပြီး လုပ်ကြံသတ်ဖြတ်မှုကျူးလွန်သူများအား သက်ဆိုင်ရာမှ စုံစမ်းရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-12 / 2:45 PM)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ