အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-12 / 2:45 PM)
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၂
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ နဲ့ အစ္စရေးတပ်ဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် အမေရိကန်နိုင်ငံသားများ သေဆုံးမှုအရေအတွက် ပိုမိုမြင့်တက်လာနေပြီး အမေရိကန်နိုင်ငံသား အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
အဆိုပါစစ်ပွဲကြောင့် အမေရိကန်နိုင်ငံသားများ သေဆုံးသူအရေအတွက်ဟာ အောက်တိုဘာ ၁ဝ ရက်က ၁ဝ ဦး အထိရှိခဲ့ပေမယ့် အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ သေဆုံးသူ၁၄ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်ကြားဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် ထိုင်းနိုင်ငံသားများ သေဆုံးမှုမြင့်တက်လာနေပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် က ထုတ်ဖော်ပြောဆိုလိုက်ပါ တယ်။
ထိုင်းအစိုးရဟာ အစ္စရေးနဲ့ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်ကြားဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း ပိတ်မိနေ တဲ့ ထိုင်းနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူခဲ့ပြီး ထိုင်းနိုင်ငံသား ၁၅ ဦးကို ပထမဆုံးအကြိမ် ပြန်လည်ခေါ်ယူခဲ့ ကြောင်း သိရပါတယ်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့အသုံးပြုနေတဲ့လက်နက်တွေဟာ အမေရိကန်ထုတ်လက်နက်တွေဖြစ်တယ် ဆိုတာ ၁ဝဝ ရာခိုင်နှုန်းသေချာကြောင်း အမေရိကန်ပြည်ပထောက်လှမ်းရေးအဖွဲ့ CIA အပေါ် လေ့လာသုံးသပ်နေ သူတစ်ဦးဖြစ်တဲ့ လယ်ရီဂျွန်ဆင် က ပြောပါတယ်။ ဟားမက်စ်အဖွဲ့ဟာ အစ္စရေးကို တိုက်ခိုက်ဖို့ အမေရိကန် ထောက်ပံ့ပေးထားတဲ့လက်နက်တွေကို အသုံးပြုနေကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အာဖန်ဂန်နစ္စတန်နဲ့ ယူကရိန်းနိုင်ငံကို ကူညီထောက်ပံ့ပေးလိုက်တဲ့ အမေရိကန်စစ်လက်နက်ပစ္စည်းတွေဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ထံရောက်ရှိသွားတာ သေချာကြောင်း ၎င်းက ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်အုပ်စုကို အလုံးစုံဖျက်ဆီးပစ်တဲ့အထိ လက်တုံ့ပြန် သွားဖို့ ဆန္ဒပြင်းပြနေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု က "ဟားမက်စ်အဖွဲ့ဝင်တိုင်း လူသေတွေဖြစ်ရမယ်။ ကမ္ဘာကြီးဟာ အစ္စလမ်မစ် အစွန်းရောက်အဖွဲ့တွေကို ဖျက်ဆီးနေချိန်မှာ ကျွန်တော်တို့ကလည်း အဲဒီအကြမ်းဖက်အုပ်စုတွေကို ဖျက်ဆီးပစ်ရမယ်" လို့ ပြောပါတယ်။
အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို ၅ ရက်မြောက်အဖြစ် ဆက်လက်တိုက်ခိုက်နေရာ နှစ်ဖက်ပေါင်း အနည်းဆုံး လူပေါင်း ၂၂ဝဝ ကျော် သေဆုံးခဲ့ရပြီး၊ အဲဒီသေဆုံးသူတွေထဲမှာ ဂါဇာကမ်းမြောင်ဒေသရှိ ကုလသမဂ္ဂအဖွဲ့ ဝန်ထမ်း ၁၁ ဦး သေဆုံးထားကြောင်း သိရပါတယ်။ အောက်တိုဘာ ၇ ရက်က ဟားမက်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုဟာ အစ္စရေး နိုင်ငံတည်ထောင်ပြီးနောက် ၇၅ နှစ်အတွင်း အဆိုးရွားဆုံးတိုက်ခိုက်ခံမှုဖြစ်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်အဖွဲ့ဝင်တိုင်း လူသေများဖြစ်ရမည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ