ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်အဖွဲ့ဝင်တိုင်း လူသေများဖြစ်ရမည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၂
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ၎င်းတို့နိုင်ငံကို တိုက်ခိုက်ခဲ့သော ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်အဖွဲ့ဝင်တိုင်း လူသေများဖြစ်ရမည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။
နေတန်ရာဟုသည် ပြီးခဲ့သော အောက်တိုဘာ ၁၁ ရက်က အစ္စရေးနိုင်ငံ၏ အရေးပေါ်အစိုးရအဖွဲ့ ပထမဆုံးအကြိမ် အစည်းအဝေးအတွင်း ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ အစ္စရေးသည် ဟားမက်စ်အဖွဲ့များအပေါ် ၅ ရက်မြောက်နေ့အဖြစ် ဆက်လက်တိုက်ခိုက်နေရာ အောက်တိုဘာ ၁၂ ရက်တွင် ဂါဇာကမ်းမြောင်ဒေသရှိ အစ္စလာမ်တက္ကသိုလ် အပါအဝင် ဟားမက်စ်အဖွဲ့ပစ်မှတ်ပေါင်း ၂၆ဝဝ ကျော်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတက္ကသိုလ်သည် ဟားမက်စ်အဖွဲ့၏ စစ်လက်နက်ပစ္စည်းများသိုလှောင်ရာနေရာဖြစ်သည့်အပြင် တပ်ဖွဲ့ဝင် များ လေ့ကျင့်ရာနေရာဖြစ်ကြောင်း ဆိုသည်။ အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို ရေဖြတ်၊ မီးဖြတ်၊ အစားအစာ နှင့် လောင်စာဆီဖြတ်ထားကာ ဝန်းရံပိတ်ဆို့ထားပြီး၊ လေကြောင်းမှ တိုက်ခိုက်နေရာ လူပေါင်း ၂ သန်းကျော် ဘေးဒုက္ခများရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောသည်။
ဂါဇာနယ်စပ်အနီးတွင်လည်း အစ္စရေးတပ်ဖွဲ့ဝင်ထောင်နှင့်ချီ ရှိနေပြီး၊ မြေပြင်ထိုးစစ်ဆင်နွဲရန် အဆင်သင့်ရှိနေ ကြောင်း သိရသည်။ ဟားမက်စ်အဖွဲ့တိုက်ခိုက်ခံရပြီးနောက် ဖွဲ့စည်းခဲ့သော အစ္စရေး အရေးပေါ်အစိုးရအဖွဲ့တွင် အတိုက်ခံပါတီခေါင်းဆောင် ဘန်နီ ဂမ်ဇ့် လည်းပါဝင်ခဲ့ရာ ၎င်းက စစ်ပွဲဖြစ်ရမည့်အချိန်ဖြစ်ကြောင်း ပြောသည်။
နေတန်ရာဟု နှင့် ဂမ်ဇ့်တို့သည် ခါးသီးသော နိုင်ငံရေးပြိုင်ဘက်များဖြစ်သော်လည်း အစ္စရေးနိုင်ငံတိုက်ခိုက်ခံရချိန် တွင် အရေးပေါ်အစိုးရအဖွဲ့တွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ ဂမ်ဇ့်က အသစ်ဖွဲ့စည်းလိုက်သော အရေးပေါ် အစိုးရအဖွဲ့တွင် ပါဝင်သူတိုင်း စုစည်းညီညွှတ်ရမည်ဖြစ်ကြောင်း၊ ဟားမက်စ်အဖွဲ့ကို ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်မရပ်တည်နိုင်ရန် မောင်းထုတ်ပစ်ရမည်ဟု ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ