ပုသိမ်ကြီးမြို့၌ စိတ်ရောဂါသည် အမျိုးသားတစ်ဦးအား Express ကားတစ်စီးမှ ဝင်တိုက်မိခဲ့ရာ သေဆုံးမှုဖြစ်ပွား
စော(NSS) - အောက်တိုဘာ ၁၂
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် စိတ်ရောဂါသည် အမျိုးသားတစ်ဦးအား Express ကားတစ်စီးမှ ဝင်တိုက်မိခဲ့ရာ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာလ ၁၁ ရက်) ၊ ညပိုင်းတွင် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်လမ်းရှိ ထုံးဘိုရွာ၊ အကျဉ်းဦးစီးအရှေ့၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း စေတနာမွန် (အုန်းချော) အသင်းထံမှ သိရသည်။
“ကျွန်တော်တို့ သိသလောက်ကတော့ သူက စိတ်ကျန်းမာရေးချို့တဲ့တယ်။ သူက ကားလမ်းပေါ်ကို ပြေးတက်သွားတာပါ။ အဲဒီအချိန်မှာ Express ကားကသူကို ဝင်တိုက်မိတာပါ။ သူက ဆေးရုံရောက်တော့ ဆုံးသွားပါတယ်”ဟု စေတနာမွန် (အုန်းချော)အသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ အမျိုးသားသည် စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးဖြစ်ကာ တစ်ပတ်ခန့် နေအိမ်မှ ပျောက် ဆုံးနေခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မန္တလေးဆေးရုံကြီးအရောက်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖားကန့်မြို့နယ်၌ စားသောက်ဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ