Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ငါးခြောက်၊ပုစွန်ခြောက်များကို အွန်လိုင်းမှရောင်းဝယ်သည့် မိသားစုလုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် (၃)နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင်(၅)ဦးသေဆုံး

NP News - ဖေဖော်ဝါရီ ၂၃

ငါးခြောက်၊ ပုဇွန်‌ခြောက်များကို အွန်လိုင်းမှရောင်းဝယ်ရေးလုပ်ကိုင်သည့် မိသားစု(၅)ဦး လုပ်ကြံသတ် ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) ၊ ည(၈)နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ရာနေရာအနီးတွင် နေထိုင်သည့် သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ရိပ်သာရပ်ကွက်၊ ၁/န (၄)လမ်း၊ ကွက်သစ်တွင် နေထိုင်သည့် ငါးခြောက်၊ ပုဇွန်ခြောက်များကို အွန်လိုင်းမှရောင်းဝယ်‌ရေးလုပ်သည့် နေအိမ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရိပ်သာရပ်ကွက်တွင် နေထိုင်သည့် ဒေါ်စန်းနွဲ့သည် ၎င်း၏ သားဖြစ်သူ၊ သမီးဖြစ်သူနှင့် အသက်(၃)နှစ်အရွယ် မြေးဖြစ်သူ အပါအဝင် နေအိမ်သို့ အလည်ရောက်နေသည့် ၎င်း၏ ဦးလေးဖြစ်သူနှင့် နေအိမ်ဧည့် ခန်းတွင်ရှိနေချိန်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါသတင်းရင်းမြစ်မှ ဆိုသည်။

"ဆိုင်ကယ် (၂)စီးနဲ့ လူ(၄)ဦးရောက်လာပြီး နေအိမ်ထဲဝင်ပြီးတော့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်တယ်" ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ဒေါ်စန်းနွဲ့တွင် ပခုံးကျည်ဖောက်ဝင်ဒဏ်ရာ၊ ၎င်း၏သားဖြစ်သူနှင့် သမီးဖြစ်သူတို့တွင် မေးစေ့အောက် ကျည်ဖောက်ဝင်ဒဏ်ရာနှင့် နဖူးကျည်ဖောက်ဝင်ဒဏ်ရာ၊ အသက်(၃)နှစ်အရွယ်ကလေးငယ်တွင် ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာနှင့် ဦးလေးဖြစ်သူတွင် ငယ်ထိပ်ကျည်ဖောက်ထွက်ဒဏ်ရာနှင့် လည်ပင်းအောက်ကျည်ဖောက်ဝင်ဒဏ်ရာ များရရှိကာ (၅)ဦးလုံးသေဆုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာနှင့် ကျူးလွန်သူများကို ဖမ်းဆီးရမိရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်နေကြောင်း အထက်ပါသတင်းအရင်းအမြစ်မှ ဆိုထား သည်။

zawgyi version


NP News - ဖေဖော်ဝါရီ ၂၃








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်၏ အမြင်အချို့ကို ကြိုဆိုသော်လည်း ရုရှားတပ်များ ရုတ်သိမ်းရန် ယူကရိန်းပြောဆို

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved