Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်၏ အမြင်အချို့ကို ကြိုဆိုသော်လည်း ရုရှားတပ်များ ရုတ်သိမ်းရန် ယူကရိန်းပြောဆို

Htay Oung (NP News) - ဖေဖော်ဝါရီ ၂၅

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ တရုတ်ရဲ့အဆိုပြုချက်ပါ အစိတ်အပိုင်းအချို့ကို သမ္မတဇီလန်စကီးက ကြိုဆိုလိုက်ပေမယ့် စစ်မက်တိုက်ခိုက်နေတဲ့ နိုင်ငံသာလျှင် ငြိမ်းချမ်းရေးအစီ အစဉ်ကို စတင်သင့်ကြောင်း ပြောဆိုတယ်လို့ Reuters က ဖေဖော်ဝါရီလ ၂၄ ရက်ကရေးသားပါတယ်။

ငြိမ်းချမ်းရေး ကြားခံအကျိုးဆောင်အဖြစ် တရုတ်ရဲ့ ကမ်းလှမ်းမှုကို ရည်ညွှန်းပြီး “ သူတို့က အဲ့ဒီကိစ္စမှာ ပါဝင်ဖို့ ပြင်ဆင်နေတယ်ဆိုတာ အရေးကြီးတဲ့ အချက်ပါပဲ"လို့ မီဒီယာများနဲ့ တွေ့ဆုံစဉ် ဇီလန်စကီးက မှတ်ချက်ပေးပါတယ်။

( လွန်ခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက “စပေ့ အိတ်ခ်"ဘီလျံနာ အယ်လွန်မက်စ်ရဲ့ ယူကရိန်းစစ်ပွဲ ငြိမ်း ချမ်းရေး အဆိုပြုချက်မှာ အထူးသဖြင့် ယူကရိန်းတို့ရဲ့ ရစရာမရှိအောင် ဆဲရေးပြစ်တင်ခြင်း ခံခဲ့ရဖူးပါတယ်။) ဂျာမနီနိုင်ငံ မြူးနစ်မြို့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးကျင်းပစဉ် ယူကရိန်းစစ်ပွဲ ပြေငြိမ်းရေးအတွက်(ရုရှားကျူးကျော်မှု နှစ်ပတ်လည်) ဖေဖော်ဝါရီလ ၂၄ ရက်မှာ တရုတ်နိုင်ငံက သူတို့ရဲ့ အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

"အခုထိတော့ ဒါက အချက်ပြမှုတစ်ခုလို့ မြင်ပါတယ်၊ နောက်မှ ဘာဖြစ်မယ်ဆိုတာ မသိသေးပါဘူး.." လို့ ဇီလင်စကီးက ဆိုပါတယ်။ (အမြင်အချို့ဟာ ဟုတ်သယောင်ယောင် ရှိပေမဲ့) တရုတ်အနေနဲ့ မော်စကိုကို လက်နက်ပေးအပ်ခြင်း မပြုဖို့ ရုရှားရဲ့ မဟာမိတ်ဖြစ်သူ တရုတ်အနေနဲ့ စားလို့ သုံးလို့ရတဲ့ အစီအစဉ်တွေကို ကမ်းလှမ်းမှာ မဟုတ်ဖူးလို့ ယုံကြည်ထားသူ ယူကရိန်းသမ္မတက သတိပေးလိုက်ပါတယ်။

"တရုတ်က ရုရှားကို လက်နက်တွေ အပ်မှာမဟုတ်ဘူးလို့ ကျွန်တော် အရမ်းယုံကြည်ချင်ပါတယ်၊ ဒါက ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်၊ အဲ့ဒါက နံပါတ်-၁ ပါ.." “ရုရှားတပ်တွေ အပြည့်အဝ ဆုတ်ခွာမယ့် အစီအစဉ် မပါ၀င်တဲ့ ဘယ်လို အဆိုပြုချက်မျိုးမဆို ကိဗ်အနေနဲ့ လက်ခံစရာ မရှိပါဘူး..“လို့ ရုရှားရဲ့ ဘက်စုံကျူးကျော်မှု ပထမနှစ်ပတ်လည်နေ့မှာ ယူကရိန်းခေါင်းဆောင်က ဆိုပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံဖို့ စီစဉ်ထားကြောင်း “ အဲ့ဒီတွေ့ဆုံမှုဟာ ယူကရိန်းနိုင်ငံနဲ့ ကမ္ဘာကြီးရဲ့ လုံခြုံရေးအတွက် အကျိုးရှိမယ်လို့ ယုံကြည်ကြောင်း” ပြောဆိုပေမဲ့ ဘယ်အချိန်မှာ တွေ့ဆုံမှာဖြစ် ကြောင်း ပါဝင်ခြင်း မရှိပါဘူး။

ယူကရိန်း သမ္မတဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဆွေးနွေးစရာ မရှိကြောင်း စောစောပိုင်းကတည်းက အကြိမ်ကြိမ် ပြောဆိုထားပြီး ဖြစ်ပါတယ်။

စစ်ပွဲ ပထမနှစ်ပတ်လည်နေ့အဖြစ် အရပ်သား အမြောက်အများသေဆုံးခဲ့ရတဲ့ ယူကရိန်းနိုင်ငံ ဘူချာမြို့မှာ အသက်ဆုံးရှုံးခဲ့သူတို့ရဲ့ အိမ်နီးချင်းများက သင်းချိုင်းနေရာမှာ စုဝေးပြီး ဝမ်းနည်းပူဆွေးကြောင်း ပြသခဲ့ကြတယ်လို့ Reuters ရဲ့ ယနေ့ အခြား သတင်းတစ်ပုဒ်မှာ တွေ့ရှိရပါတယ်။

ဘူချာမြို့အပါ၀င် နိုင်ငံအနှံ့အပြားမှ အမည်မသိ သေဆုံးသူများအတွက် ကြေကွဲ၀မ်းနည်းရပါကြောင်းနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲဟာ ဒုတိယနှစ်အတွင်း ၀င်ရောက်လာပြီဖြစ်ကြောင်း ဆင်ခြင်သုံးသပ်ကြဖို့အတွက် သောကြာနေ့မှာ စုဝေးခဲ့ကြခြင်း ဖြစ်ပါတယ်။

ကိယက်ဗ်မြို့ အနောက်မြောက်ဘက်မှာ တည်ရှိပြီး ယူကရိန်းမြို့တော်၀င်ပေါက်သဖွယ်ဖြစ်နေတဲ့ ဘူချာမြို့ဟာ စစ်ပွဲစလျှင်စချင်း ဘီလာရု့စ်နိုင်ငံဘက်မှ ကျူးကျော်ဝင်ရောက်လာတဲ့ ရုရှားတပ်များရဲ့ အလျင် အမြန် သိမ်းပိုက်ခြင်းကို ခံခဲ့ရပါတယ်။

ဧပြီလမှာ ရုရှားတို့ ပြန်လည်ဆုတ်ခွာသွားပေမဲ့ ကျန်ရစ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုပုံရိပ်တွေကို မီဒီယာများမှာ ဖော်ပြခဲ့ကြပြီး ကမ္ဘာကို တုန်လှုပ်သွားစေခဲ့ပါတယ်။ အရပ်သားများရဲ့ ရုပ်အလောင်းတွေဟာ လူသွားစင်္ကြန်များ နဲ့ လမ်းများပေါ်မှာ အမှိုက်သရိုက်များသဖွယ် လဲကျနေကြပြီး သေဆုံးနေသူအချို့ရဲ့ လက်များဆိုရင် နောက်ပြန်ကြိုး တုပ်ထားကြောင်း တွေ့မြင်ကြရပါတယ်။

ဘူချာမြို့မှာ ရုရှားတပ်များက စစ်ရာဇ၀တ်မှု ကျူးလွန်ကြောင်း ယူကရိန်းနဲ့ အနောက်နိုင်ငံများရဲ့ စွပ်စွဲချက်ကို ကရင်မလင်က ငြင်းဆိုခဲ့ပါတယ်။ ဘူချာလမ်းမများပေါ်ရှိ လူသေအလောင်းများပုံများဟာ အတုအယောင်များသာဖြစ်ကြောင်း၊ အထူးစစ်ဆင်ရေး ခင်းကျင်းရတဲ့အထိ အိမ်နီးချင်း ယူကရိန်းနိုင်ငံရဲ့ စစ်ရေးခြိမ်းခြောက်မှု များကို ပျက်ပြယ်စေရန် အထူးတလည် လုပ်ကြံဖန်တီးခြင်းသာဖြစ်ကြောင်း ပယ်ချခဲ့ပါတယ်။

(Reuters., 24 February 2023,” Ukraine welcomes some Chinese ceasefire 'thoughts,' insists on Russian withdrawal” နှင့် “In Ukraine's Bucha where civilians slain, neighbours united in grief” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


zawgyi version
အပစ္အခတ္ရပ္စဲေရးအတြက္ တ႐ုတ္၏ အျမင္အခ်ိဳ႕ကို ႀကိဳဆိုေသာ္လည္း ႐ုရွားတပ္မ်ား ႐ုတ္သိမ္းရန္ ယူကရိန္းေျပာဆို
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၂၅

ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အပစ္အခတ္ရပ္စဲေရးဆိုင္ရာ တ႐ုတ္ရဲ႕အဆိုျပဳခ်က္ပါ အစိတ္အပိုင္းအခ်ိဳ႕ကို သမၼတဇီလန္စကီးက ႀကိဳဆိုလိုက္ေပမယ့္ စစ္မက္တိုက္ခိုက္ေနတဲ့ ႏိုင္ငံသာလွ်င္ ၿငိမ္းခ်မ္းေရးအစီ အစဥ္ကို စတင္သင့္ေၾကာင္း ေျပာဆိုတယ္လို႔ Reuters က ေဖေဖာ္ဝါရီလ ၂၄ ရက္ကေရးသားပါတယ္။

ၿငိမ္းခ်မ္းေရး ၾကားခံအက်ိဳးေဆာင္အျဖစ္ တ႐ုတ္ရဲ႕ ကမ္းလွမ္းမႈကို ရည္ၫႊန္းၿပီး “ သူတို႔က အဲ့ဒီကိစၥမွာ ပါဝင္ဖို႔ ျပင္ဆင္ေနတယ္ဆိုတာ အေရးႀကီးတဲ့ အခ်က္ပါပဲ"လို႔ မီဒီယာမ်ားနဲ႔ ေတြ႕ဆုံစဥ္ ဇီလန္စကီးက မွတ္ခ်က္ေပးပါတယ္။

( လြန္ခဲ့တဲ့ႏွစ္ ေအာက္တိုဘာလတုန္းက “စေပ့ အိတ္ခ္"ဘီလ်ံနာ အယ္လြန္မက္စ္ရဲ႕ ယူကရိန္းစစ္ပြဲ ၿငိမ္း ခ်မ္းေရး အဆိုျပဳခ်က္မွာ အထူးသျဖင့္ ယူကရိန္းတို႔ရဲ႕ ရစရာမရွိေအာင္ ဆဲေရးျပစ္တင္ျခင္း ခံခဲ့ရဖူးပါတယ္။) ဂ်ာမနီႏိုင္ငံ ျမဴးနစ္ၿမိဳ႕ လုံၿခဳံေရးဆိုင္ရာ အစည္းအေဝးက်င္းပစဥ္ ယူကရိန္းစစ္ပြဲ ေျပၿငိမ္းေရးအတြက္(႐ုရွားက်ဴးေက်ာ္မႈ ႏွစ္ပတ္လည္) ေဖေဖာ္ဝါရီလ ၂၄ ရက္မွာ တ႐ုတ္ႏိုင္ငံက သူတို႔ရဲ႕ အစီအစဥ္ကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

"အခုထိေတာ့ ဒါက အခ်က္ျပမႈတစ္ခုလို႔ ျမင္ပါတယ္၊ ေနာက္မွ ဘာျဖစ္မယ္ဆိုတာ မသိေသးပါဘူး.." လို႔ ဇီလင္စကီးက ဆိုပါတယ္။ (အျမင္အခ်ိဳ႕ဟာ ဟုတ္သေယာင္ေယာင္ ရွိေပမဲ့) တ႐ုတ္အေနနဲ႔ ေမာ္စကိုကို လက္နက္ေပးအပ္ျခင္း မျပဳဖို႔ ႐ုရွားရဲ႕ မဟာမိတ္ျဖစ္သူ တ႐ုတ္အေနနဲ႔ စားလို႔ သုံးလို႔ရတဲ့ အစီအစဥ္ေတြကို ကမ္းလွမ္းမွာ မဟုတ္ဖူးလို႔ ယုံၾကည္ထားသူ ယူကရိန္းသမၼတက သတိေပးလိုက္ပါတယ္။

"တ႐ုတ္က ႐ုရွားကို လက္နက္ေတြ အပ္မွာမဟုတ္ဘူးလို႔ ကြၽန္ေတာ္ အရမ္းယုံၾကည္ခ်င္ပါတယ္၊ ဒါက ကြၽန္ေတာ့္အတြက္ အရမ္းအေရးႀကီးပါတယ္၊ အဲ့ဒါက နံပါတ္-၁ ပါ.." “႐ုရွားတပ္ေတြ အျပည့္အဝ ဆုတ္ခြာမယ့္ အစီအစဥ္ မပါ၀င္တဲ့ ဘယ္လို အဆိုျပဳခ်က္မ်ိဳးမဆို ကိဗ္အေနနဲ႔ လက္ခံစရာ မရွိပါဘူး..“လို႔ ႐ုရွားရဲ႕ ဘက္စုံက်ဴးေက်ာ္မႈ ပထမႏွစ္ပတ္လည္ေန႔မွာ ယူကရိန္းေခါင္းေဆာင္က ဆိုပါတယ္။

တ႐ုတ္သမၼတ ရွီက်င့္ဖ်င္နဲ႔ေတြ႕ဆုံဖို႔ စီစဥ္ထားေၾကာင္း “ အဲ့ဒီေတြ႕ဆုံမႈဟာ ယူကရိန္းႏိုင္ငံနဲ႔ ကမာၻႀကီးရဲ႕ လုံၿခဳံေရးအတြက္ အက်ိဳးရွိမယ္လို႔ ယုံၾကည္ေၾကာင္း” ေျပာဆိုေပမဲ့ ဘယ္အခ်ိန္မွာ ေတြ႕ဆုံမွာျဖစ္ ေၾကာင္း ပါဝင္ျခင္း မရွိပါဘူး။

ယူကရိန္း သမၼတဟာ ႐ုရွားသမၼတ ဗလာဒီမာပူတင္နဲ႔ ေဆြးေႏြးစရာ မရွိေၾကာင္း ေစာေစာပိုင္းကတည္းက အႀကိမ္ႀကိမ္ ေျပာဆိုထားၿပီး ျဖစ္ပါတယ္။

စစ္ပြဲ ပထမႏွစ္ပတ္လည္ေန႔အျဖစ္ အရပ္သား အေျမာက္အမ်ားေသဆုံးခဲ့ရတဲ့ ယူကရိန္းႏိုင္ငံ ဘူခ်ာၿမိဳ႕မွာ အသက္ဆုံးရႈံးခဲ့သူတို႔ရဲ႕ အိမ္နီးခ်င္းမ်ားက သင္းခ်ိဳင္းေနရာမွာ စုေဝးၿပီး ဝမ္းနည္းပူေဆြးေၾကာင္း ျပသခဲ့ၾကတယ္လို႔ Reuters ရဲ႕ ယေန႔ အျခား သတင္းတစ္ပုဒ္မွာ ေတြ႕ရွိရပါတယ္။

ဘူခ်ာၿမိဳ႕အပါ၀င္ ႏိုင္ငံအႏွံ႔အျပားမွ အမည္မသိ ေသဆုံးသူမ်ားအတြက္ ေၾကကြဲ၀မ္းနည္းရပါေၾကာင္းနဲ႔ ရက္စက္ၾကမ္းၾကဳတ္တဲ့ စစ္ပြဲဟာ ဒုတိယႏွစ္အတြင္း ၀င္ေရာက္လာၿပီျဖစ္ေၾကာင္း ဆင္ျခင္သုံးသပ္ၾကဖို႔အတြက္ ေသာၾကာေန႔မွာ စုေဝးခဲ့ၾကျခင္း ျဖစ္ပါတယ္။

ကိယက္ဗ္ၿမိဳ႕ အေနာက္ေျမာက္ဘက္မွာ တည္ရွိၿပီး ယူကရိန္းၿမိဳ႕ေတာ္၀င္ေပါက္သဖြယ္ျဖစ္ေနတဲ့ ဘူခ်ာၿမိဳ႕ဟာ စစ္ပြဲစလွ်င္စခ်င္း ဘီလာ႐ု႕စ္ႏိုင္ငံဘက္မွ က်ဴးေက်ာ္ဝင္ေရာက္လာတဲ့ ႐ုရွားတပ္မ်ားရဲ႕ အလ်င္ အျမန္ သိမ္းပိုက္ျခင္းကို ခံခဲ့ရပါတယ္။

ဧၿပီလမွာ ႐ုရွားတို႔ ျပန္လည္ဆုတ္ခြာသြားေပမဲ့ က်န္ရစ္ခဲ့တဲ့ ရက္စက္ၾကမ္းၾကဳတ္မႈပုံရိပ္ေတြကို မီဒီယာမ်ားမွာ ေဖာ္ျပခဲ့ၾကၿပီး ကမာၻကို တုန္လႈပ္သြားေစခဲ့ပါတယ္။ အရပ္သားမ်ားရဲ႕ ႐ုပ္အေလာင္းေတြဟာ လူသြားစၾကၤန္မ်ား နဲ႔ လမ္းမ်ားေပၚမွာ အမႈိက္သ႐ိုက္မ်ားသဖြယ္ လဲက်ေနၾကၿပီး ေသဆုံးေနသူအခ်ိဳ႕ရဲ႕ လက္မ်ားဆိုရင္ ေနာက္ျပန္ႀကိဳး တုပ္ထားေၾကာင္း ေတြ႕ျမင္ၾကရပါတယ္။

ဘူခ်ာၿမိဳ႕မွာ ႐ုရွားတပ္မ်ားက စစ္ရာဇ၀တ္မႈ က်ဴးလြန္ေၾကာင္း ယူကရိန္းနဲ႔ အေနာက္ႏိုင္ငံမ်ားရဲ႕ စြပ္စြဲခ်က္ကို ကရင္မလင္က ျငင္းဆိုခဲ့ပါတယ္။ ဘူခ်ာလမ္းမမ်ားေပၚရွိ လူေသအေလာင္းမ်ားပုံမ်ားဟာ အတုအေယာင္မ်ားသာျဖစ္ေၾကာင္း၊ အထူးစစ္ဆင္ေရး ခင္းက်င္းရတဲ့အထိ အိမ္နီးခ်င္း ယူကရိန္းႏိုင္ငံရဲ႕ စစ္ေရးၿခိမ္းေျခာက္မႈ မ်ားကို ပ်က္ျပယ္ေစရန္ အထူးတလည္ လုပ္ႀကံဖန္တီးျခင္းသာျဖစ္ေၾကာင္း ပယ္ခ်ခဲ့ပါတယ္။

(Reuters., 24 February 2023,” Ukraine welcomes some Chinese ceasefire 'thoughts,' insists on Russian withdrawal” ႏွင့္ “In Ukraine's Bucha where civilians slain, neighbours united in grief” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကားမှတ်တိုင်တွင် ကားစောင့်နေသည့် အမျိုးသမီးအား ပိုက်ဆံအိတ်လုရာမှ ဓားထိုးမှုဖြစ်ပွား

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved