Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနယ်စပ်ဒေသတွင် အွန်လိုင်းမှလိမ်လည်နေသော ရာဇဝတ်ဂိုဏ်းများ ပိုမိုအခြေစိုက်လာနေကြောင်း UNODC ဆို

ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၉ 

ဆက်သွယ်ရေးနှင့် အွန်လိုင်းမှတဆင့်  လိမ်လည်နေသော အာရှတစ်ဝှမ်းရှိ ရာဇဝတ်ဂိုဏ်းများသည် တရုတ်၊ ထိုင်းတို့နှင့် နယ်စပ်ချင်းထိစပ်နေသောမြန်မာနယ်စပ်များတွင် ပိုမိုအခြေစိုက်လာနေကြောင်း ကုလသမဂ္ဂ မူးယစ် ဆေးဝါး နှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သော အစီအရင်ခံစာတွင် ဖော်ပြထား သည်။

ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် အွန်လိုင်းလိမ်လည်မှုတွေကို နှိမ်နှင်းမှုတွေ ရှိနေသော်လည်း လက်နက် ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲများ၏ ကာကွယ်ပေးမှုများကြောင့် အွန်လိုင်းမှ တဆင့် လိမ်လည်မှုနှင့် လူကုန်ကူးမှုများလုပ်ဆောင်နေသည့် ရာဇဝတ်ဂိုဏ်းများ ကြီးထွားနေကြောင်း UNODC အစီရင်ခံစာတွင် ဖော်ပြထားသည်။

အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်နေသည့် ရာဇဝတ်ဂိုဏ်းများသည် မြဝတီနယ်စပ် ရွှေကုက္ကိုလ်တွင် အများစု အခြေစိုက်ကြပြီး  ဝဒေသ နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင်လည်းရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လိမ်လည်မှု ခံရကာရာဇဝတ်ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသူများကို ပြန်လည်ကယ်ထုတ်နိုင်ရန်အတွက် မိသားစုဝင်များ (သို့မဟုတ်) သံရုံးများ နှင့် NGO အဖွဲ့အစည်းများသည် ပိုက်ဆံပေးကယ်ထုတ်ရမှုများလည်း ရှိနေ ကြောင်း  UNODC အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရာဇဝတ်ဂိုဏ်းများ၏ လိမ်ညာခံရသူများထဲတွင် လူငယ်ပညာတက်လည်း ပါဝင်နေပြီး မြန်မာနိုင်ငံတွင် မြင့်မား သောလစာဖြင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများရမည်ဟု မက်လုံးပေး ခေါ်ယူခံရခြင်းဖြစ်ကြောင်း ဆိုသည်။

လုံခြုံရေးတပ်ဖွဲ့များ လက်လှမ်းမမှီနိုင်သော ဒေသများကိုရောက်ရှိကာ လူကုန်ကူးခံရသူများသည် ရာဇဝတ်ဂိုဏ်း များ၏ အတင်းအကြပ်စေခိုင်းခံရခြင်းမှလွတ်မြောက်နိုင်ရန်အခွင့်အရေး နည်းလမ်းကြောင်း၊ ဥပဒေစိုးမိုးမှုတွေ အားနည်းသော ဒေသများတွင် ရာဇဝတ်ဂိုဏ်းများ ကြီးစိုးနေကြောင်း UNODC ၏ ဒေသဆိုင်ရာကိုယ်စားလှယ် ဂျရေမီဒေါက်ကလပ်က ပြောသည်။ 

မြန်မာနယ်စပ်ဒေသတွင် အခြေပြုလှုပ်ရှားနေသည့်အွန်လိုင်းမှတဆင့် လိမ်လည်နေသည့် ဂိုဏ်းများလက်ထဲတွင် လူပေါင်း ၁၂ဝဝဝဝ ကျော် ပိတ်မိနေကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားဖူးသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

NCA (၈) နှစ်ပြည့်ပွဲတက်ရောက်ရန် တိုင်းရင်းသားခေါင်းဆောင်အားလုံးကို ဖိတ်ကြားထား၊ အမုန်းတရားများဖြင့် လုပ်ကိုင်နေပါက တိုင်းပြည်နစ်နာရန်သာရှိဟု တပ်ချုပ်ပြော

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved