တောင်ကုတ်မြို့၌ အမျိုးသား(၃)ဦး မိုးကြိုးပစ်ခံရကာ အကြားအာရုံချို့ယွင်းမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့
စော(NSS) - စက်တင်ဘာ ၂၇
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် အမျိုးသား (၃)ဦး မိုးကြိုးပစ်ခံရကာ အကြားအာရုံချို့ယွင်းမှုအပါအဝင် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၂၆ ရက်)၊ မွန်းလွဲ (၂)နာရီခွဲဝန်းကျင်အချိန်တွင် တောင်ကုတ်မြို့၊ မိချောင်းထိုးကျေးရွာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရှင်သန်ရေးကူညီမှု -တောင်ကုတ်မြိုထံမှ သိရသည်။
“ခြံကာမလို့ဆိုပြီး လေးယောက်က ထိုင်နေကြတာ ။ အဲဒီမှာမိုးတွေကရွာ မိုးကြိုးတွေကပစ်လို့ တဲထဲမှာမိုးခိုနေတဲ့အချိန် တဲရဲ့အလယ်တိုင် ခေါင်တိုင်ကို ပစ်ချလိုက်တာ။ ခေါင်တိုင်ကလည်း အစိပ်စိပ်အမွှာမွှာပဲဖြစ်သွားတယ်။ လေးယောက်မှာတကယ်ထိသွားတာက နှစ်ယောက်ပေါ့ ”ဟု ရှင်သန်ရေးကူညီရေး-တောင်ကုတ်မြိုမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
မိုးကြိုးထိမှန်ဒဏ်ရာကြောင့် အမျိုးသား(၂)ဦးမှာ ခန္ဓာကိုယ်တစ်ခုလုံး၌ မီးလောင်ဒဏ်ရာအမျိုးအစား အပါအဝင် လက်မောင်း၊ ခြေထောက်နှင့် ပေါင်တို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး ကျန်အမျိုးသား(၁)ဦးမှာ အကြားအာရုံချိုယွင်းသွားကြောင်း သိရသည်။
အဆိုပါထိခိုက်ဒဏ်ရာရရှိသူများသည် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်တွင်နေထိုင်သူ ဦးလှမျိုးအောင်၊ သိမ်တောင်ရပ်ကွက်တွင် နေထိုင်သူ ဦးသန်းဝင်းနှင့် ဂူတာရပ်ကွက်တွင်နေထိုင်သူ ကိုကောင်းသီဟသူတို့ဖြစ်ကြကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့၏ အခြေအနေမှာ မစိုးရိမ်ရသော်လည်း တောင်ကုတ်ကုတင် (၁၀၀)ဆေးရုံတွင် ဆေးကုသမှုဆက်လက်ခံယူနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းတို့ တန်ပြန်ထိုးစစ်ဆင်မှု စတင်ပြီးနောက်ပိုင်း ရက်ပေါင်း ၁ဝဝ ကျော်အတွင်း တပ်ဖွဲ့ဝင်ဦးရေ တစ်သိန်းနီးပါး ထိခိုက်ကျဆုံးခဲ့ဟု ရုရှားစစ်ဘက်ပြော
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း