ယူကရိန်းတို့ တန်ပြန်ထိုးစစ်ဆင်မှု စတင်ပြီးနောက်ပိုင်း ရက်ပေါင်း ၁ဝဝ ကျော်အတွင်း တပ်ဖွဲ့ဝင်ဦးရေ တစ်သိန်းနီးပါး ထိခိုက်ကျဆုံးခဲ့ဟု ရုရှားစစ်ဘက်ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၇
ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့ဒေသတွေကို ပြန်လည်ရရှိဖို့အတွက် ဇွန်လအစောပိုင်းကတည်းက ရုရှားတပ်ဖွဲ့ တွေအပေါ် ကြီးမားတဲ့ထိုးစစ်ဆင်နေပေမယ့် မျှော်လင့်သလောက်အောင်မြင်မှုမရဘဲ ထိခိုက်ဆုံးရှုံးမှုများနဲ့တွေ့ကြုံ နေရာ စက်တင်ဘာလအတွင်းမှာပဲ ယူကရိန်းတပ်ဖွဲ့ဝင် ၁၇ဝဝဝ ကျော် ကျဆုံးသွားခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူးက ယူကရိန်းဟာ စက်တင်ဘာလတစ်အတွင်းမှာပဲ တပ်ဖွဲ့ဝင်များ ဆုံးရှုံးခဲ့တဲ့အပြင် အနောက်အုပ်စုက ကူညီပေးထားတဲ့ စစ်လက်နက်ပစ္စည်း ၂၇ဝဝ ကျော် ထပ်မံ ဆုံးရှုံးပျက်စီးခဲ့ကြောင်း ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ စက်တင်ဘာလအတွင်းမှာ ယူကရိန်းတပ်ဖွဲ့တွေ အသုံးပြုနေတဲ့ ဂျာမနီထုတ် Leopard tanks တင့်ကား နှစ်စီး၊ ဗြိတိန်ထုတ် Challenger တင့်ကားတစ်စီး၊ အမေရိကန်ထုတ် M777 အမျိုးအစား အမြှောက် ၇၇ ခု နဲ့ ပြင်သစ်၊ အမေရိကန်၊ ဂျာမနီတို့ ကူညီပေးထားတဲ့ ဟောင်ဝစ်ဇာ ၅၁ ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းဟာ မြေပြင်တိုက်ပွဲတွေမှာ အကြီးအကျယ် အထိနာနေတဲ့အပြင် ကြီးမားတဲ့အောင်မြင်မှုရဖို့ ရုန်းကန်နေရကြောင်း၊ တန်ပြန်ထိုးစစ်ဆင်မှုစတင်တဲ့အချိန်နောက်ပိုင်းကတည်းက ကြီးမားတဲ့ဆုံးရှုံးမှုတွေ ဆက်တိုက်တွေ့ကြုံနေရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။
ယူကရိန်းဟာ တန်ပြန်ထိုးစစ်ဆင်မှုစတင်ပြီးနောက်ပိုင်း ရက်ပေါင်း ၁ဝဝ ကျော်အတွင်း တပ်ဖွဲ့ဝင် ဦးရေ ၆၆ဝဝဝ ကျော်၊ စစ်လက်နက်ပစ္စည်းအရေအတွက် ၇၆ဝဝ ပျက်စီးခဲ့ကြောင်း ရုရှားစစ်ဘက်က စက်တင်ဘာလ အစောပိုင်းတုန်းက ပြောခဲ့ပါတယ်။
စက်တင်ဘာလအတွင်း ကျဆုံးခဲ့တဲ့အရေအတွက်နဲ့ အဆိုပါအရေအတွက်ကို ထပ်ပေါင်းမယ်ဆိုရင် တန်ပြန် ထိုးစစ်ဆင်မှု စတင်ပြီးနောက်ပိုင်း ယူကရိန်းတပ်ဖွဲ့ဝင် ၈၃ဝဝဝ နဲ့ ၁ဝ၃ဝဝဝ ကြား ကျဆုံးခဲ့ကြောင်း ရုရှားစစ်ဘက်က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေး တက်ရောက်နိုင်အောင် ရုရှားသမ္မတပူတင်ကို ဖိတ်ကြားဖို့ အမေရိကန်အစိုးရ ငြင်းဆန်
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ