အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေး တက်ရောက်နိုင်အောင် ရုရှားသမ္မတပူတင်ကို ဖိတ်ကြားဖို့ အမေရိကန်အစိုးရ ငြင်းဆန်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၇
အမေရိကန်နိုင်ငံအနေနဲ့ ရုရှားသမ္မတပူတင်ကို အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေး APEC ကို တက်ရောက်နိုင်အောင်ဖိတ်ကြားဖို့ ငြင်းဆန်ခဲ့ကြောင်း ရုရှားသံတမန်တစ်ဦးဖြစ်တဲ့ Marat Berdiyev က ပြောပါတယ်။
ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရုရှားနဲ့ အမေရိကန်နိုင်ငံကြားဆက်ဆံရေးအေးစက်နေချိန်မှာပဲ အမေရိကန်ဘက်က အခုလိုမျိုးလုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ APEC ထိပ်သီးအစည်းအဝေးကို လာမယ့် နိုဝင်ဘာလမှာ ဆန်ဖရန်စစ်စကိုမြို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
အမေရိကန်အစိုးရဟာ ရုရှားနဲ့ ထိပ်တိုက်တွေ့ဆုံရေးမူဝါဒတွေကို ဆက်လက်အကောင်ထည်ဖော်ဖို့ ဆုံးဖြတ်ထား ကြောင်း၊ အဆိုပါအစည်းအဝေးကိုတက်ရောက်ဖို့ သမ္မတပူတင်ကို ဖိတ်ကြားမှာ မဟုတ်တဲ့အကြောင်းကို ရုရှားအစိုးရကို ပြောဆိုထားကြောင်း ရုရှားသံအမတ်ကြီးက ပြောပါတယ်။
ရုရှားသံအမတ်ကြီးက "အမေရိကန်အစိုးရဟာ ပိတ်ဆို့မှုတွေချမှတ်ထားတဲ့အတွက် ဒီနှစ်အတွင်းမှာ ကျင်းပမယ့် APEC ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ နိုင်ငံခေါင်းဆောင်အများအပြားကို ဖိတ်ကြားတာမျိုး မရှိပါဘူး။ ဒါဟာ အမေရိကန်အစိုးရရဲ့သံတမန်ရေးရာချဉ်းကပ်မှုနဲ့ပတ်သက်ပြီးဆိုးရွားတဲ့အချက်ဆိုတာကို သက်သေပြလိုက် တာပါ" လို့ ပြောပါတယ်။
ရုရှားနိုင်ငံအနေနဲ့ APEC အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ခေါင်းဆောင်တွေ စုပေါင်းတက်ရောက်မယ့် အစည်းအဝေးမျိုး ကျင်းပနိုင်အောင် အမေရိကန်အစိုးရကို ဖိအားပေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရုရှားသံတမန် က ပြောပါတယ်။
အဆိုပါ APEC ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက်ကနေ ၁၈ ရက်အထိ ကျင်းပသွားဖွယ်ရှိနေကြောင်း သိရပါတယ်။ အမေရိကန်အစိုးရဟာ ရုရှားကို APEC ထိပ်သီးအဖွဲ့ဝင်နိုင်ငံများစာရင်းကနေ ဖယ်ထုတ်ဖို့ စီစဉ်နေကြောင်း သတင်းတွေလည်း အစောပိုင်းက ထွက်ပေါ်ခဲ့ဖူးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆစ်ဘာသာရေးခေါင်းဆောင် အသတ်ခံရမှုနဲ့ပတ်သက်ပြီး အိန္ဒိယ ပါဝင်နေကြောင်း စွပ်စွဲပြောဆိုမှုအပေါ် ခိုင်လုံတဲ့သက်သေအချက်အလက်ပေးစေလိုကြောင်း ကနေဒါအစိုးရကို အိန္ဒိယအစိုးရပြော
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ