Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆစ်ဘာသာရေးခေါင်းဆောင် အသတ်ခံရမှုနဲ့ပတ်သက်ပြီး အိန္ဒိယ ပါဝင်နေကြောင်း စွပ်စွဲပြောဆိုမှုအပေါ် ခိုင်လုံတဲ့သက်သေအချက်အလက်ပေးစေလိုကြောင်း ကနေဒါအစိုးရကို အိန္ဒိယအစိုးရပြော

ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၇

ကနေဒါအစိုးရအနေနဲ့ ကနေဒါနိုင်ငံမှာ ဆစ်ဘာသာရေးခေါင်းဆောင်တစ်ဦး အသတ်ခံရမှုနဲ့ပတ်သက်ပြီး အိန္ဒိယ အစိုးရ ပါဝင်ဆက်နွယ်နေတယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး ခိုင်မာတဲ့သက်သေများ ပေးစေလိုကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။


ကနေဒါနိုင်ငံမှာ နေထိုင်နေတဲ့ ဆစ်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Hardeep Singh Nijjar  ဆိုသူ အသတ် ခံရခြင်းနဲ့ပတ်သက်ပြီး ကနေဒါ နဲ့ အိန္ဒိယနိုင်ငံကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာ အိန္ဒိယအစိုးရက အခုလိုမျိုး တောင်းဆိုခဲ့တာပါ။ 

ကနေဒါအစိုးရက ၎င်းတို့နိုင်ငံမှာနေထိုင်နေတဲ့ အိန္ဒိယခွဲထွက်ရေးသမားတစ်ဦးဖြစ်သလို ဆစ်ဘာသာရေး ခေါင်းဆောင် အသတ်ခံရမှုနဲ့ပတ်သက်ပြီးနောက်ကွယ်မှာ အိန္ဒိယအစိုးရ ပါဝင်နေကြောင်း မကြာသေးမီက ဝေဖန် ပြစ်တင်ခဲ့ပါတယ်။ အိန္ဒိယအစိုးရကတော့ ကနေဒါနိုင်ငံရဲ့စွပ်စွဲမှုတွေကို ငြင်းဆန်ထားပြီး၊ အခြေအမြစ်မရှိကြောင်း တုံ့ပြန်ထားပါတယ်။ 


အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankar က ကနေဒါအစိုးရရဲ့စွပ်စွဲချက်များနဲ့ပတ်သက်ပြီး လွတ်လပ်ပွင့်လင်းစာ စစ်ဆေးသွားမှာဖြစ်ပြီး ခိုင်လုံတဲ့သက်သေရှိမယ်ဆိုရင် ပေးစေလိုကြောင်းပြောပါတယ်။ 

၎င်းက "ကျွန်တော်တို့ဟာ ကနေဒါအစိုးရကို ပြောဆိုထားပြီးဖြစ်ပါတယ်။ လူသတ်မှုကျူးလွန်တာတွေက အိန္ဒိယ အစိုးရရဲ့မူဝါဒတွေထဲမှာ မပါဝင်ဘူး။ ကနေဒါအစိုးရဟာ အဲဒီခွဲထွက်ရေးသမားအသတ်ခံရမှုနဲ့ပတ်သက်ပြီး ခိုင်လုံ တိကျတဲ့သက်သေအချက်လက်တွေရှိမယ်ဆိုရင် အိန္ဒိယအစိုးရကို မျှဝေစေလိုတယ်။ အိန္ဒိယအစိုးရက ပွင့်လင်း မြင်သာစွာ စုံစမ်းစစ်ဆေးသွားမှာပါ" လို့ ပြောပါတယ်။ 

အဆိုပါ ဆစ်ဘာသာရေးခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ဇွန်လက ကနေဒါနိုင်ငံရှိ  ဘုရားကျောင်းအနီးမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်သမ္မတ ဟောင်းဒေါ်နယ်ထရမ့်နဲ့သားနှစ်ဦးတို့ လိမ်လည်မှုများ ကျူးလွန်ခဲ့ကြောင်း နယူးယောက်မြို့ တရားသူကြီးပြော

RECENT POSTS
AA လက်အောက်ရောက် ရခိုင်မြို့တွေမှာ ဘာတွေဖြစ်နေလဲ
26 Sep 2024
‌သဘာဝဘေးနှင့် မြန်မာနိုင်ငံတော် (အင်တာဗျူး)
26 Sep 2024
လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးပစ္စည်းများ ပေးပို့ကူညီခြင်းကို မဟန့်တားရန် ဗြိတိန်သံအမတ်ကြီး တိုက်တွန်းတောင်းဆို
26 Sep 2024
အယုဒ္ဓယပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စီးနင်းချိန်တွင် မြန်မာနိုင်ငံသား (၂၇၂)ဦးကို ဖမ်းဆီးရမိဟု ထိုင်းအစိုးရပြော
26 Sep 2024
ကမ္ဘာ့ပထမဆုံး မော်တာစွမ်းအင်သုံး တောင်တက်ဘောင်းဘီ ထွက်ပေါ်လာ
26 Sep 2024
ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများကို အပ်ကုန်စနစ်ဖြင့် ခွင့်ပြုပေးသင့်ကြောင်း အကြံပြု
26 Sep 2024
BVLGARI အမှတ်တံဆိပ်ရဲ့ ပထမဆုံးကိုရီးယား သံတမန်ဖြစ်လာခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော် ရုပ်ရှင်မင်းသမီး ကင်ဂျီဝန်း
26 Sep 2024
အင်းလေးဒေသရေကြီးမှု (၁ဝ)ရက်ကျော်ကြာမြင့်လာသော်လည်း (၃)ပေခန့်သာ ကျဆင်းလာ
26 Sep 2024
တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ဂျပန်ရေတပ်က ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ကင်းလှည့်မှုတွေပြုလုပ်
26 Sep 2024
မျက်လုံးကို အဝတ်စဖြင့်စည်းကာ ဘတ်စကတ်ဘောလုံးကို(၆၅)ပေအကွာမှသွင်းယူပြပြီးနောက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့ တူရကီအမျိုးသား
26 Sep 2024
မြန်မာ့စီးပွားရေးဘဏ်မှ အပ်ငွေအတိုးနှုန်းတိုးမြှင့်
26 Sep 2024
BRICS အဖွဲ့မှာပါဝင်ဖို့ အာဖဂန်နစ္စတန်အစိုးရလိုလားနေ
26 Sep 2024
Joker: Folie A Deux ဇာတ်ကားအတွက် အယ်လ်ဘမ်အသစ်တစ်ခုထွက်ရှိလာတော့မယ်လို့ လေဒီဂါဂါ ပြော
26 Sep 2024
အမေရိကန်အမျိုးသားတစ်ဦးက အချိန်တစ်မိနစ်အတွင်း သတ္တုဆူးချွန်(၂၈) ချောင်းဖြင့်ပစ်မှတ်ကို ထိမှန်အောင်ပစ်ပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်
26 Sep 2024
နိုင်ငံ့သစ္စာဖောက်ဝန်ထမ်းနှင့် အကြမ်းဖက်သမား (၇၀ဝဝ)ထက်မနည်း ရန်ကုန်လေဆိပ်မှမထွက်ခွာမီ ဖမ်းဆီးနိုင်ခဲ့
26 Sep 2024
အိန္ဒိယ ဒုံးကျည်စမ်းသပ်မှု သတိပေးချက်ကို ပြန်လည်ပြင်ဆင်ခဲ့
26 Sep 2024
ဂျပန်တံတားအဆင်းတွင် အိမ်စီးကားတစ်စီး အပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွား
24 Sep 2024
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved