ချမ်းအေးသာစံမြို့နယ်၌ အသက်(၂၆)နှစ်အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် သေဆုံးမှုဖြစ်ပွား
စော(NSS) - စက်တင်ဘာ၂၇
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် အသက်(၂၆)နှစ်အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း နိဗ္ဗာန်သုခ အသင်းထံမှ သိရသည်။
အဆိုပါအမျိုးသားအား ယမန်နေ့ (စက်တင်ဘာလ ၂၆ ရက်)၊ ည ၉နာရီခွဲဝန်းကျင်အချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ (၂၆)လမ်းအပေါ် ကမ်းနားလမ်း၊ မြို့တော်ဥယျာဉ် ကစားကွင်းအနီး၌ အထက်ပါကဲ့သို့ သေဆုံးလျက်တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
"ဒဏ်ရာကတော့ ခေါင်းမှာပဲရှိတယ်။ ဘေးပတ်ဝန်းကျင်ပြောတာတော့ အရိုက်ခံရတယ်ပြောတယ်။ကျွန်တော်တို့ ရောက်တဲ့အချိန်မှာတော့ အသက်မရှိတော့ဘူး။ တောင့်လည်းတောင့်နေပြီ။ သူက တစ်ယောက်ထဲ အင်္ကျီလည်းမပါဘူး။ ဘာပစ္စည်းမှမပါဘူး"ဟု နိဗ္ဗာန်သုခအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ အမျိုးသားသည် မောင်မိုးဟိန်း(၂၆)နှစ်ဖြစ်ပြီး မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ အကွက်(၃၇၃)တွင် နေထိုင်သူဖြစ်ကြောင်းသိရသည်။
သေဆုံးသူအမျိုးသားအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငါန်းဇွန်မြို့နယ်တွင် သားအဖ(၂)ဦးအား PDF အဖွဲ့က လက်ပြန်ကြိုးတုပ်ကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း