ငါန်းဇွန်မြို့နယ်တွင် သားအဖ(၂)ဦးအား PDF အဖွဲ့က လက်ပြန်ကြိုးတုပ်ကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်
NSS - စက်တင်ဘာ ၂၇
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် သားအဖ(၂)ဦးအား PDF အဖွဲ့က လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်၊ ည ၈နာရီခွဲအချိန်တွင် ငါန်းဇွန်မြို့နယ်၊ ပေါက်စိမ်းကျေးရွာအနီး တံတားဦး-မြို့သာ-မြင်းခြံ ကားလမ်းဘေး၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါသားအဖ(၂)ဦးသည် မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာတွင်နေထိုင်သူများဖြစ်ပြီး ၎င်းတို့နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင်(၁၀)ဦးကရောက်ရှိလာပြီး လက်ပြန်ကြိုးတုပ်လျက် ဖမ်းဆီးခေါ်ဆောင်သွားကာ အခင်းဖြစ်ပွားရာနေရာအရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဦးမောင်လှ(ခ)ဦးလှနီ(၅၇)နှစ်နှင့် ၎င်း၏သားဖြစ်သူ ကိုသိန်းဝေဦး(၃၈)နှစ်တို့တွင် ဦးခေါင်း၊ ရင်ဘတ်နှင့် လက်တို့၌ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၉နာရီ ၂၀မိနစ်အချိန်တွင် မတ္တရာမြို့နယ်တွင်၊ ထီးတော်မိုးကျေးရွာရှိ လယ်စောင့်တဲ၌ မနန်းချစ်မိုး(ခ)မိုးမိုးသည် ၎င်း၏ခင်ပွန်းဖြစ်သူ ကိုအောင်ကျော်ကျော်နှင့်အတူရှိနေစဉ် PDF အဖွဲ့ဝင် (၃)ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ မနန်းချစ်မိုးအား “ဒလန်”ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထိုသို့သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ထီးတော်မိုးကျေးရွာတွင်နေထိုင်သည့် မနန်းချစ်မိုး(ခ)မိုးမိုးတွင် ယာနားထင်နှင့် ရင်ဘတ်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ (၂)ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါလုပ်ကြံသတ်ဖြတ်မှုများတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း