ဖြူးမြို့နယ်တွင် အကြမ်းဖက်သမားများမှ Drop ဗုံးပစ်ချတိုက်ခိုက်မှုကြောင့် အသက် (၈၀)ကျော်အရွယ် အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Pearl (NSS) – စက်တင်ဘာ ၂၆
ဖြူးမြို့နယ်တွင် အကြမ်းဖက်သမားများမှ Drop ဗုံး ပစ်ချတိုက်ခိုက်မှုကြောင့် အသက် (၈၀)ကျော်အရွယ် အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NSS ကိုပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၂၅ရက်)၊ နံနက် (၁၁)နာရီခွဲ အချိန်ခန့်တွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၏ အရှေ့မြောက် (၅)မိုင်ခန့်အကွာရှိ ကြူအင်းကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများသည် အဆိုပါကြူအင်းကျေးရွာရှိ ဦးဝင်အောင်၏ နေအိမ်အား Drop ဗုံးဖြင့် ပစ်ချဖောက်ခွဲခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ချဖောက်ခွဲမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဦးဝင်းအောင်၏ မိခင်ဖြစ်သူ ဒေါ်အေးရွှေ (၈၁)နှစ်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းကပြောသည်။
လက်ရှိတွင် ၎င်အား ဖြူးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး စိုးရိမ်ဖွယ်ရာအခြေ အနေမရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ (၂၃) ရက်၊ နံနက် (၁၁) နာရီခွဲအချိန်ခန့်တွင် ပဲခူး တိုင်း၊ ကျောက်ကြီးမြို့နယ်၊ ပဲခူးရပ်ကွက်နေ ဦးအေးမင်း(၂၇)နှစ်နှင့် ဦးစနေအောင်(၃၅)နှစ်တို့ (၂)ဦးသည် နတ်သံကွင်းကျေးရွာဘက်မှ ကျောက်ကြီးမြို့ဘက်သို့ ဆိုင်ကယ် (၂) စီးဖြင့် ကုန်ပစ္စည်းများသယ်ဆောင်လာစဉ် နောင်ကုန်းကျေးရွာအနီး၊ တံတားအမှတ်(၂/၂၁)ပေါက်မြောင်းတံတားအနီးအရောက်တွင် KNU /PDF ပူးပေါင်းအဖွဲ့တို့က Drone ယာဉ်အသုံးပြု၍ Drop ဗုံးများပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ချတိုက်ခိုက်ရာ အဆိုပါနေရာတွင် Drop Bomb (၁)လုံးကျရောက်ပေါက်ကွဲမှုဖြစ်ပွားပြီး ၎င်းတို့တွင် ဗုံးသီးစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေးအတွက် ကျောက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ မုတ်သုံလေဆုတ်ခွာသွားပြီဖြစ်ကြောင်း မိုးဇလထုတ်ပြန်
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း