မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ မုတ်သုံလေဆုတ်ခွာသွားပြီဖြစ်ကြောင်း မိုးဇလထုတ်ပြန်
ယွန်း ( NSS) - စက်တင်ဘာ ၂၆
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ ဆုတ်ခွာသွားပြီဖြစ်ကြောင်း မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စက်တင်ဘာလ(၂၅)ရက်၊ နေ့လည်ပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးဇလ၏ ထုတ်ပြန်ချက်အရ အနောက်တောင်မုတ်သုံလေသည် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ ဆုတ်ခွာခဲ့ကြောင်း သိရသည်။
အဆိုပါ အနောက်တောင်မုတ်သုံလေသည် ပြီးခဲ့သည့် စက်တင်ဘာလ(၁၇)ရက်က မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ အစောဆုံး ထွက်ခွာခဲ့ခြင်းဖြစ်သည်။
ထို့နောက် အလယ်ပိုင်းဒေသများမှ ဆက်လက်ဆုတ်ခွာခဲ့ပြီး ယနေ့(စက်တင်ဘာလ၂၆ ရက်) နှင့် အောက်တိုဘာလ(၁)ရက်တွင် မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
ထို့ကြောင့် အနောက်တောင်မုတ်သုံလေသည် လာမည့်အောက်တိုဘာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှ ထွက်ခွာနိုင်ကြောင်း မိုးဇလမှခန့်မှန်းထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရေးပေါ်အကူအညီတောင်းခံနိုင်ရန်အတွက် 191 Report App အား အဆင့်မြှင့်တင်ထားကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ အသိပေး
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း