Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အရေးပေါ်အကူအညီတောင်းခံနိုင်ရန်အတွက် 191 Report App အား အဆင့်မြှင့်တင်ထားကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ အသိပေး

စော(NSS) - စက်တင်ဘာ ၂၆

မီးဘေးနှင့် ရုတ်တရက်ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များကြုံတွေ့လာပါက မီးသတ်ဦးစီးဌာနသို့ အရေးပေါ်အကူအညီတောင်းခံနိုင်ရန်အတွက် 191 Report App အား အဆင့်မြှင့်တင်ထားကြောင်း သိရသည်။


မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ယမန်နေ့(စက်တင်ဘာလ ၂၅ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြည်သူများကြုံတွေ့နေရသည့် ဘေးအန္တရာယ်များအား ခေတ်နှင့်အညီ ICT နည်းပညာကို အသုံးပြုထားသည့်အတွက် မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တပြေးညီ သတင်းပေးပို့ အကူ အညီတောင်းခံနိုင်ကြောင်း သိရသည်။

“ကိုယ့်မျက်စိရှေ့မှာမြင်နေရတာ ဒါမှမဟုတ်ရင် ကိုယ့်အနီးနားပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ဟာကို အပလီကေးရှင်းကနေ ဓာတ်ပုံရိုက်ပြီး ပေးပို့လိုက်တယ်ဆိုတာနဲ့  ဖြစ်ပွားတဲ့ဖြစ်စဉ်မှတ်တမ်းရယ် ပေးပို့သူရဲ့ဖုန်းနံပါတ်ကို confirm လုပ်ပြီးတာနဲ့ ချက်ချင်းနီးစပ်ရာစခန်းကနေ ကားတွေထွက်နိုင်အောင်  ဆောင်ရွက်ထားတဲ့ အထောက်အကူပစ္စည်းလေးပါ။ ဓာတ်ပုံပို့တဲ့အချိန်မှာတော့ Location လေးကို တစ်ချက်ဖွင့်ထားပေးရပါမယ်။ ပို့တဲ့အချိန်ပဲဖွင့်ထားရင်ရပါတယ်”ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်မှူး ဦးတင်ခိုင်မှ NSS ကိုပြောသည်။

၎င်း 191 Report App ဖြင့် မီးဘေး အပါအဝင် သဘာဝဘေးအန္တရာယ်များနှင့် ရုတ်တရက်ဖြစ်ပေါ်လာသော အန္တရာယ်များကို ဓာတ်ပုံရိုက်ပေးပို့ရာတွင်  Location အား ဖွင့်ပေးထားရန်လိုအပ်ကြောင်း သိရသည်။

အဆိုပါ သတင်းပေးချက်များအား  အချိန်နှင့် တပြေးညီတုန့်ပြန်ဆောင်ရွက်နိုင်ရန်နှင့် မီးသတ်ဦးစီးဌာန၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား အားကိုးယုံကြည်မှုရရှိစေရန်အတွက် အဆင့်မြှင့်တင်ထားကြောင်း သိရသည်။

“အချက်အလက်တွေကတော့ ဘာတွေပါလဲဆိုရင်တော့ ကိုယ်နဲ့နီးစပ်ရာ မီးသတ်စခန်းရဲ့ဖုန်းနံပါတ်တွေပါလာမယ်။ Location ရှာတာပါမယ်။ နောက်ပြီးတော့ မီးသတ်ဦးစီးဌာနနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ အပလီကေးရှင်းထဲကနေ ဖတ်နိုင်မယ်”ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအား ကာကွယ်စောင့် ရှောက်ရာတွင် ICT နည်းပညာဖြင့် အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။

အဆိုပါ 191 Report App အား Play Storeနှင့်  Apple Store တို့တွင် အဆင့်မြှင့်တင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကရိန်းသမ္မတဇီလန်စကီးအနေနဲ့ လာမယ့်သမ္မတရွေးကောက်ပွဲကို တစ်ကျော့ပြန် မယှဉ်ပြိုင်သင့်တော့ကြောင့် ဇနီးဖြစ်သူ ပြော

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved