ယူကရိန်းသမ္မတဇီလန်စကီးအနေနဲ့ လာမယ့်သမ္မတရွေးကောက်ပွဲကို တစ်ကျော့ပြန် မယှဉ်ပြိုင်သင့်တော့ကြောင့် ဇနီးဖြစ်သူ ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၆
ယူကရိန်းသမ္မတဇီလန်စကီးဟာ လာမယ့်နှစ်မှာ ကျင်းပမယ့်သမ္မတရွေးကောက်ပွဲကို တစ်ကျော့ပြန် မယှဉ်ပြိုင် သင့်တော့ကြောင်း၊ ၎င်းရဲ့ဇနီးဖြစ်သူ Elena Zelenskaya က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ အတိုက်ခံအုပ်စုမရှိဘူးဆိုရင်တောင် ဇီလန်စကီးဟာ ရွေးကောက်ပွဲကို မယှဉ်ပြိုင်သင့်တော့ကြောင်း ဇနီးဖြစ်သူက ပြောဆိုထားတာဖြစ်ကြောင်း ဆိုပါတယ်။ ဇီလန်စကီးဟာ ယူကရိန်းနဲ့ ရုရှားတို့ စစ်ပွဲစတင်ခဲ့ပြီးနောက် မကြာမီ အတိုက်ခံနိုင်ငံရေးပါတီများကို နိုင်ငံရေး လုပ်ဆောင်ခွင့်ပိတ်ပင်ထားခဲ့ကြောင်း သိရပါတယ်။
အဆိုပါပိတ်ပင်မှုများကြောင့် လာမယ့်သမ္မတရွေးကောက်ပွဲမှာ ဇီလန်စကီးကို ယှဉ်ပြိုင်မယ့်သူ မရှိကြောင်းသတင်း များလည်း အစောပိုင်းကတည်းက သတင်းတွေ ထွက်ပေါ်နေပါတယ်။ ယူကရိန်းသမ္မတရဲ့ဇနီးဖြစ်သူက "ကျွန်မရဲ့ ခင်ပွန်းဖြစ်သူဟာ သမ္မတရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာပဲဆုံးဖြတ်ဖြတ် ကျွန်မ ထောက်ခံအားပေးမှာ မဟုတ်ဘူး။ ကျွန်မတို့ လူအဖွဲ့အစည်းဟာ ဇီလန်စကီးကို သမ္မတအဖြစ် လိုအပ်မှု ရှိ-မရှိ ဆိုတဲ့ အချက်အပေါ်မှာ လည်း မူတည်နေတယ်။
ယူကရိန်းလူအဖွဲ့အစည်းဟာ ဇီလန်စကီးကို သမ္မတအဖြစ်ဆက်လက်တာဝန်ယူဖို့ မလိုအပ်တော့ဘူးဆိုရင် ဇီလန်စကီးဟာ သမ္မတအဖြစ် ထပ်မံတာဝန်မယူသင့်တော့ဘူး။ ကျွန်မခင်ပွန်းရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ဘာမှတော့ မသိသေးဘူး" လို့ ပြောပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီးဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ အမေရိကန်နိုင်ငံကို သွားရောက်ခဲ့ကာ သမ္မတဂျိုးဘိုင်ဒန် အပါအဝင် အခြားနိုင်ငံခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဇီလန်စကီးဟာ အမေရိကန် နိုင်ငံကိုရောက်ရှိချိန်အတွင်း အမေရိကန်အစိုးရဲ့ကူညီထောက်ပံ့ပေးမှုမရှိတော့ဘူးဆိုရင် ယူကရိန်းစစ်ပွဲ ရှုံးနိမ့်သွား မှာဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းကို အမေရိကန်ဒေါ်လာ ၇၅ ဘီလျံကျော် ကူညီထားပြီး အဲဒီငွေကြေးတွေထဲမှာ အမေရိကန်ဒေါ်လာ ၄၆ ဘီလျံက စစ်ရေးအကူအညီပေးမှုဖြစ်ကြောင်း သိရပါတယ်။
အမေရိကန်ဟာ ယူကရိန်းကို စစ်ရေးအကူညီများထပ်မံ ပေးဖို့ အစီအစဉ်တွေလည်း လုပ်ဆောင်ထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့် ရုရှားရဲ့ပင်လယ်နက်သင်္ဘောအုပ်စုအကြီးအကဲ ဗိုလ်ချုပ်တစ်ဦး အပါအဝင် ရေတပ်ဖွဲ့ဝင် ၃၄ ဦး ကျဆုံးခဲ့ဟုဆို
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း