မန္တလေးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း(၂)ကျောင်း လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခံရ
Pearl (NSS)- စက်တင်ဘာ ၂၅
မန္တလေးမြို့ရှိ မဟာကိုယ်ပိုင်အထက်တန်းကျောင်း လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကိုပြောသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၂၅ရက်)၊ နံနက် (၇)နာရီခွဲ အချိန်ခန့်တွင် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြိုနယ်၊ တမ္ပဝတီရပ်ကွက်၊ အကွက်(၄၇၉)၊ ရာမရပ်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါရာမရပ်ရှိ မဟာကိုယ်ပိုင်အထက်တန်းကျောင်းဝင်းအတွင်းသို့ ကျောင်းရှေ့လမ်းအတိုင်း တောင်မှမြောက်သို့ လူ (၃)ဦးစီးနင်းလာသည့် ဆိုင်ကယ်(၁)စီးပေါ်မှ လက်ပစ်ဗုံး (၂)လုံး ကျောင်းဝင်းအတွင်းပစ်ပေါက်၍ စစ်ကိုင်း-မန္တလေးကားလမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ပေါက်တိုက်ခိုက်သည့် လက်ပစ်ဗုံး (၂)လုံးသည် ပေါက်ကွဲမှုမရှိသည့်အတွက် အဆိုပါ ဗုံးများ ရှင်းလင်းရန်အတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mahar Private High School Facebook Page မှလည်း "မိဘများခင်ဗျာ 25-9-2023 ရက်နေ့(Monday) 1-ရက်ကျောင်းပိတ်ပါကြောင်း ကျောင်းသားမိဘများအား လေးစားစွာ အသိ ပေးအပ်ပါသည်"ဟု ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
အလားတူ နံနက် (၇) နာရီ (၁၅) မိနစ်အချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်ရှိ "TEL" ကိုယ်ပိုင်အထက်တန်းကျောင်းအား ဆိုင်ကယ်စီးလာသည့် အမျိုးသား(၂)ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ ကျောင်းရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ အချို့ရှိခဲ့ပြီး ကိုယ်ပိုင်ကျောင်း၏ အဆောက်အဦးအနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗုဒ္ဓဘာသာဘုန်းကြီး အသွင်ဆောင်သူ ဘင်္ဂလားဒေ့ရှ်အမျိုးသား ၇ ဦး ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း