ဗုဒ္ဓဘာသာဘုန်းကြီး အသွင်ဆောင်သူ ဘင်္ဂလားဒေ့ရှ်အမျိုးသား ၇ ဦး ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ
Htay Oung (NSS) - စက်တင်ဘာ ၂၅
လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များရဲ့ စုံစမ်းထောက်လှမ်းမှုကို ရှောင်ရှားဖို့ ကြိုးပမ်းတဲ့အနေနနဲ့ ဗုဒ္ဓဘာသာဘုန်းကြီးအဖြစ် အသွင်ဆောင်ထားသူ ဘင်္ဂလားဒေ့ရှ်အမျိုးသား ခုနစ်ဦးကို စနေနေ့ စက်တင်ဘာလ ၂၃ ရက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒါကာအခြေစိုက် Dahka Triune က ယနေ့ စက်တင်ဘာလ ၂၅ ရက်မှာ ရေးသားခဲ့ပါတယ်။
သူတို့ဟာ မလေးရှားနိုင်ငံသို့ ဦးတည်ထွက်ခွာလာစဉ် ဆွန်လာခရိုင်မှာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ် ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ၇ ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲဆိုထားတယ်လို့ “ပတ္တရာ-နယူးစ်" ထိုင်းသတင်းစာမှာ ဖော်ပြပါတယ်လို့ ဆိုပါတယ်။
အဲဒီလူတွေဟာ လူအများကြား သဟဇာတဖြစ်အောင် ဦးခေါင်းရိတ်ပြီး ဘုန်းကြီးသင်္ကန်းကို ဝတ်ရုံထားခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနက် အသက် ၄၆ နှစ်အရွယ် ရူဒါးဆိုသူဟာ အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ကြောင်း ဝန်ခံခဲ့တယ်လို့ ရဲများက ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုအရ အဲဒီအဖွဲ့ဟာ (မြန်မာနိုင်ငံနယ်စပ်) မဲဆောက်ခရိုင်မှ တစ်ဆင့် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာခဲ့ပြီး မလေးရှားနိုင်ငံကို ဦးတည်သွားရောက်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း တွေ့ရှိရတယ်လို့ သိရှိရပါတယ်။
#ဘင်္ဂလားဒေ့ရ်ှအမျိုးသား #ထိုင်းလူဝင်မှုကြီးကြပ်ရေး #ဗုဒ္ဓဘာသာဘုန်းကြီးအသွင်ဆောင်ထားသူ #ဆွန်လာခရိုင်
(Dhaka Tribune., 25 September 2023,” Seven Bangladeshi men disguised as monks arrested in Thailand” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်အာဖရိကနိုင်ငံ၌ ကျင်းပမည့် အာဆီယံ- ပရီတိုးရီးယားရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ ရုပ်ရှင်ကား(၂)ကား ပါဝင်ပြသမည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ