အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် (FMR) ကို ဖျက်သိမ်းဖို့ မဏိပူရပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း
Pika (NSS) - စက်တင်ဘာ ၂၄
အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်(FMR) ကို ဖျက်သိမ်းပြီး နယ်စပ်ကာရံခြင်းများကို အပြီးသတ်လုပ်ဆောင်ရန် ပြည်ထဲရေးဝန်ကြီးဌာနကို တိုက်တွန်းခဲ့ကြောင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ် N Biren Singh က ထုတ်ဖော်ပြောကြားခဲ့သည်။
လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်(FMR) သည် အိန္ဒိယ-မြန်မာနယ်စပ် နှစ်ဖက်လုံးတွင် နေထိုင်ကြသော ပြည်သူ များကို ဗီဇာမပါဘဲ နှစ်ဖက်လုံးရှိနယ်မြေများတွင်(၁၆)ကီလိုမီတာအထိ သွားလာခွင့်ပြုထားကြောင်းလည်း သိရသည်။ အိန္ဒိယနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုများကို အစိုးရက ဆက်လက်ကိုင်တွယ်ဖြေရှင်းသွား မှာဖြစ်ပြီး အိန္ဒိယ-မြန်မာနယ်စပ်ကို ကာရံထားခြင်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်း N Biren Singh က ပြောကြားခဲ့သည်။
၎င်းက "ပြည်ထဲရေးဝန်ကြီးဌာနဟာ မဏိပူရပြည်နယ်မှာ နိုင်ငံတကာနယ်စပ်တစ်လျှောက် ကီလိုမီတာ(၆ဝ) အရှည်ရှိတဲ့ ခြံစည်းရိုးခတ်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်" ဟု ပြောခဲ့သည်။
မဏိပူရပြည်နယ်တွင် ဖြစ်ပွားခဲ့သောပဋိပက္ခသည် ယခင်အစိုးရ၏ အစီအစဉ်မကျသော မူဝါဒများ၏ ရလဒ်ကြောင့် ဖြစ်ကြောင်း N Biren Singh က ပြောကြားခဲ့သည်။ ၎င်းက "အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို ဖျက်သိမ်းဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို အစိုးရက တိုက်တွန်းခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် တွေကိုလည်း နယ်စပ်မှာ စနစ်တကျချထားပြီး စောင့်ကြပ်တာမျိုးလည်းမရှိပါဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ဇီးရိုးပွိုင့်မှာ ရှိနေရမယ့်အစား အိန္ဒိယနယ်မြေတွင်း (၁၅)ကီလိုမီတာလောက်ကနေ နယ်စပ်ကို စောင့်ကြပ်နေတာကို တွေ့ခဲ့ရပါတယ်။ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့၊ ပြည်တွင်းကနေ ရပ်စွန့်ခွာသူတွေကို အကူအညီတွေပေးနိုင်ဖို့နဲ့ ဘိန်းစိုက်ပျိုးမှုတွေကို တိုက်ဖျက်ဖို့ စတဲ့ ပြည်တွင်း ပြဿနာတွေကို အာရုံစိုက်ဖို့လိုပါတယ်" ဟု ပြောခဲ့သည်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင် မေလ(၃)ရက်က လူမျိုးစုနှစ်စုကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိ အချိန်ထိ လူပေါင်း(၁၇၅)ဦး သေဆုံးခဲ့ကာ လူရာချီထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လူမျိုးရေးအကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ ပါဝင် နေသည်ဟု စွပ်စွဲမှုများရှိနေကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်သည် မြန်မာနိုင်ငံနှင့် (၃၉ဝ) ကီလိုမီတာထိ နယ်နိမိတ်ချင်းထိစပ်နေကြောင်းလည်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံဖက်က မဏိပူရပြည်နယ် ရှိ အကြမ်းဖက်အဖွဲ့များထံ သေနတ်များကို ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုမှုများလည်းရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဥရောပသမဂ္ဂအဖွဲ့သို့ ပြန်လည်ဝင်ရောက်ရန် ဗြိတိန်နိုင်ငံတွင် လူပေါင်းထောင်ချီ ဆန္ဒပြ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ