ရထားသံလမ်းဘေး၌ ဓားဒဏ်ရာဖြင့် သတ်ဖြတ်ခံထားရသည့် အမျိုးသမီးအလောင်း မန္တလေး၌တွေ့ရှိ
သန့်ဇင်(NSS) - စက်တင်ဘာ ၂၄
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ ရထားသံလမ်းဘေးတွင် ဓားဒဏ်ရာဖြင့် သတ်ဖြတ်ခံထားရသည့် အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း ဌာနီရှေ့လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
အဆိုပါ အလောင်းကို ယနေ့ (စက်တင်ဘာလ ၂၄ရက်)၊ နံနက် ၇နာရီ ၁၅မိနစ်အချိန်တွင် အောင်မြေသာစံမြို့နယ်၊ အရှေ့ဘုန်းတော်တိုးရပ်၊ အကွက်-(418)၊ မြို့ပတ်ရထားသံလမ်းဘေးရှိ ဖော့ဘူးစက်ရုံရှေ့တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
“အသတ်ခံရတဲ့အမျိုးသမီးက အသက်(၅၀)ဝန်းကျင်ပါပဲ။ ပိုင်ရှင်မဲ့အလောင်းပါ။ လက်ရှိတော့ သက်ဆိုင်ရာက အလောင်းကို ဆက်လက် စစ်ဆေးနေပါတယ်။ ရဲမှုခင်းနဲ့ပတ်သက်တာဆိုတော့။ အသေးစိတ်ကို ကျွန်တော်တို့လဲမသိခဲ့ရပါဘူး”ဟု ဌာနီရှေ့လူမှုကယ်ဆယ်ရေး အဖွဲ့မှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အသတ်ခံထားရသည့် အမျိုးသမီးသည် အသက်(၅၀)ဝန်းကျင်ဖြစ်ပြီး ပိုင်ရှင်မဲ့အလောင်းဖြစ်သည့်အတွက် မိသားစုနှင့်အဆက်သွယ်ရရှိရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးအလောင်းအား ဌာနီရှေ့လူမှုကယ်ဆယ်ရေးအသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ထားပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် (FMR) ကို ဖျက်သိမ်းဖို့ မဏိပူရပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း