Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများကို ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအဖြစ် သတ်မှတ်ခဲ့ပြီး အခွန်ကင်းလွတ်ခွင့်လျှောက်နိုင်ဟု ကြေညာ

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၁၈

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများကို ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ပြီး အခွန်ကင်းလွတ်ခွင့်များ လျှောက်ထားနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ကြေညာလိုက်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအဖြစ် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ခြင်းဖြစ်ကြောင်း ဆိုထားသည်။

ထိုသို့ ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများထဲတွင် လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်ကြောင်း ကော်မရှင်က အသိပေးကြေညာထားသည်။

CKD၊ SKD စနစ်ဖြင့် လျှပ်စစ်အသုံးပြုသော လူစီးယာဉ်၊ ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်၊ အခြားယာဉ်များအပါအဝင် ယာဉ်အမျိုးမျိုးတပ်ဆင်ခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဖြစ် သတ်မှတ်ထားသည်။

ထို့ပြင် ၎င်းလုပ်ငန်းများထဲတွင် လျှပ်စစ်သုံးမော်တော်ယာဉ်အမျိုးမျိုး၏ ကိုယ်ထည်အစိတ်အပိုင်းထုတ်လုပ်ခြင်းလုပ်ငန်း၊ ပြုပြင်ထိန်းသိမ်းခြင်းဝန်ဆောင်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားဖြည့်သွင်းခြင်းဆိုင်ရာ ဆက်စပ်ပစ္စည်းများနှင့်စက်ပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်းလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

အလားတူ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ လျှပ်စစ်သုံးယာဉ်များအတွက် ဘတ္ထရီထုတ်လုပ်ခြင်းလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားဖြည့်သွင်းခြင်း ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအဖြစ် သတ်မှတ်ထားသည်။

ထိုသို့ ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် အကျုံးဝင်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် တည်ထောင်မှု ကာလ(သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပြင်ဆင်မှုကာလအတွင်း ပြည်ပမှတင်သွင်းသော စက်ပစ္စည်းများ၊ စက်ကိရိယာများ၊ တည်ဆောက်ရေးပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများအပေါ်တွင် အကောက်ခွန်နှင့် အခြားပြည်းတွင်းအခွန်အကောက်များကို ကင်းလွတ်ခွင့် (သို့မဟုတ်) သက်သာခွင့်များအား ခံစားနိုင်ရန် လျှောက်ထားနိုင်ကြောင်း ကော်မရှင်က ကြေညာထားသည်။

ထို့ပြင် ၎င်းလုပ်ငန်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဝင်ငွေခွန်ကင်း လွတ်ခွင့်ကိုလည်း ကော်မရှင်ထံသို့ လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများကို ပြည်ပနိုင်ငံများမှ တင်သွင်းခွင့်ပြုထားပြီး ၎င်းယာဉ်များအတွက် Charging Station များကိုလည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အမြန်လမ်းတို့တွင် စတင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။

zawgyi version

လွ်ပ္စစ္သုံးယာဥ္ႏွင့္ဆက္စပ္လုပ္ငန္းမ်ားကို ဦးစားေပးျမႇင့္တင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈက႑အျဖစ္ သတ္မွတ္ခဲ့ၿပီး အခြန္ကင္းလြတ္ခြင့္ေလွ်ာက္ႏိုင္ဟု ေၾကညာ

မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၁၈

လွ်ပ္စစ္သုံးယာဥ္ႏွင့္ ဆက္စပ္လုပ္ငန္းမ်ားကို ဦးစားေပးျမႇင့္တင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈက႑အျဖစ္ တိုးျမႇင့္သတ္မွတ္ခဲ့ၿပီး အခြန္ကင္းလြတ္ခြင့္မ်ား ေလွ်ာက္ထားႏိုင္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ေၾကညာလိုက္သည္။

ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္အေနျဖင့္ ဦးစားေပးျမႇင့္တင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈက႑မ်ားအျဖစ္ လွ်ပ္စစ္သုံးယာဥ္ႏွင့္ ဆက္စပ္လုပ္ငန္းမ်ားဆိုင္ရာ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားကို အစိုးရအဖြဲ႕၏ အတည္ျပဳခ်က္ျဖင့္ သတ္မွတ္ျခင္းျဖစ္ေၾကာင္း ဆိုထားသည္။

ထိုသို႔ ဦးစားေပးျမႇင့္တင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈက႑မ်ားထဲတြင္ လွ်ပ္စစ္သုံးယာဥ္အမ်ိဳးမ်ိဳး တပ္ဆင္ျခင္း၊ ထုတ္လုပ္ျခင္းလုပ္ငန္းႏွင့္ ျပဳျပင္ထိန္းသိမ္းျခင္းဝန္ေဆာင္မႈလုပ္ငန္းမ်ား ပါဝင္ေၾကာင္း ေကာ္မရွင္က အသိေပးေၾကညာထားသည္။

CKD၊ SKD စနစ္ျဖင့္ လွ်ပ္စစ္အသုံးျပဳေသာ လူစီးယာဥ္၊ ခရီးသည္တင္ယာဥ္၊ ကုန္တင္ယာဥ္၊ အျခားယာဥ္မ်ားအပါအဝင္ ယာဥ္အမ်ိဳးမ်ိဳးတပ္ဆင္ျခင္းႏွင့္ ထုတ္လုပ္ျခင္းလုပ္ငန္းမ်ားကို ဦးစားေပးျမႇင့္တင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားအျဖစ္ သတ္မွတ္ထားသည္။

ထို႔ျပင္ ၎လုပ္ငန္းမ်ားထဲတြင္ လွ်ပ္စစ္သုံးေမာ္ေတာ္ယာဥ္အမ်ိဳးမ်ိဳး၏ ကိုယ္ထည္အစိတ္အပိုင္းထုတ္လုပ္ျခင္းလုပ္ငန္း၊ ျပဳျပင္ထိန္းသိမ္းျခင္းဝန္ေဆာင္မႈလုပ္ငန္း၊ လွ်ပ္စစ္ဓာတ္အားျဖည့္သြင္းျခင္းဆိုင္ရာ ဆက္စပ္ပစၥည္းမ်ားႏွင့္စက္ပစၥည္းကိရိယာမ်ား ထုတ္လုပ္ျခင္းလုပ္ငန္းမ်ား ပါဝင္ေၾကာင္း သိရသည္။

အလားတူ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားထုတ္လုပ္၊ ျဖန႔္ျဖဴးျခင္းလုပ္ငန္းမ်ား၊ လွ်ပ္စစ္သုံးယာဥ္မ်ားအတြက္ ဘတၳရီထုတ္လုပ္ျခင္းလုပ္ငန္းမ်ား၊ လွ်ပ္စစ္ဓာတ္အားျဖည့္သြင္းျခင္း ဝန္ေဆာင္မႈလုပ္ငန္းမ်ားကိုလည္း ဦးစားေပးျမႇင့္တင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈက႑မ်ားအျဖစ္ သတ္မွတ္ထားသည္။

ထိုသို႔ ဦးစားေပးျမႇင့္တင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈက႑မ်ားတြင္ အက်ဳံးဝင္ေသာ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားသည္ တည္ေထာင္မႈ ကာလ(သို႔မဟုတ္) ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းျပင္ဆင္မႈကာလအတြင္း ျပည္ပမွတင္သြင္းေသာ စက္ပစၥည္းမ်ား၊ စက္ကိရိယာမ်ား၊ တည္ေဆာက္ေရးပစၥည္းမ်ား၊ လုပ္ငန္းသုံးပစၥည္းမ်ားအေပၚတြင္ အေကာက္ခြန္ႏွင့္ အျခားျပည္းတြင္းအခြန္အေကာက္မ်ားကို ကင္းလြတ္ခြင့္ (သို႔မဟုတ္) သက္သာခြင့္မ်ားအား ခံစားႏိုင္ရန္ ေလွ်ာက္ထားႏိုင္ေၾကာင္း ေကာ္မရွင္က ေၾကညာထားသည္။

ထို႔ျပင္ ၎လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒႏွင့္အညီ ဝင္ေငြခြန္ကင္း လြတ္ခြင့္ကိုလည္း ေကာ္မရွင္ထံသို႔ ေလွ်ာက္ထားႏိုင္ေၾကာင္း အသိေပးေၾကညာထားသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ လွ်ပ္စစ္သုံးယာဥ္ႏွင့္ဆက္စပ္ပစၥည္းမ်ားကို ျပည္ပႏိုင္ငံမ်ားမွ တင္သြင္းခြင့္ျပဳထားၿပီး ၎ယာဥ္မ်ားအတြက္ Charging Station မ်ားကိုလည္း ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ႏွင့္ အျမန္လမ္းတို႔တြင္ စတင္တည္ေဆာက္လ်က္ရွိေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မီးနီဖြတ်မောင်းသည့် YBS ယာဉ်မောင်းများအား CCTV မှတ်တမ်းဖြင့် သက်သေခိုင်လုံစွာရယူပြီး အရေးယူမည်

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved