Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မီးနီဖြတ်မောင်းသည့် YBS ယာဉ်မောင်းများအား CCTV မှတ်တမ်းဖြင့် သက်သေခိုင်လုံစွာရယူပြီး အရေးယူမည်

ယွန်း (NP News) - ဖေဖော်ဝါရီ ၁၈

မီးနီဖြတ်မောင်းသည့် YBS ယာဉ်မောင်းအား CCTV မှတ်တမ်းများဖြင့် သက်သေခိုင်လုံစွာယူပြီး အရေးယူသွားမည်ဟု YRTC မှ ဆိုထားသည်။

YRTC မှ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၆)ရက်တွင် YRTC ရုံးချုပ်သင်တန်းခန်းမတွင် ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

YRTC ၏ အဓိကရည်မှန်းချက်ဖြစ်သော “ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှုကောင်းသည့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်” ဖြစ်လာစေရန် အဓိကမောင်းနှင်အားမှာ ယာဉ်မောင်းများဖြစ်ကြောင်း ဦးချစ်ကိုကိုမှ ဆိုသည်။

သို့သော် လက်ရှိတွင် ယာဉ်မောင်းများသည့် လမ်းလယ်ခေါင်တွင် ခရီးသည်အတင်အချပြုလုပ်ခြင်း အပါအဝင် ပြိုင်မောင်းခြင်း၊ လုမောင်းခြင်း နှင့် စပါယ်ယာ ယာဉ်အကူတင်ပြီး ခရီးသည်များအား အနိုင်ထက်စီးနင်းပြုလုပ်ခြင်းများကို စည်းကမ်းမဲ့စွာ ပြုမူလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များသာမက လမ်းပေါ်တွင် မောင်းနှင်သွားလာနေသော ပုဂ္ဂလိက ယာဉ်များကပါ YBS များအားသတိပြု၍ ရှောင်ရှားမောင်းနှင်နေရခြင်းများရှိနေကြောင်း ဒုဥက္ကဋ္ဌမှ ဆိုသည်။

ထို့ပြင် လမ်းပြောင်းပြန်မောင်းခြင်း၊ မီးနီဖြတ်မောင်းကြသဖြင့် တဖက်ယာဉ်ကြောမှ မီးစိမ်း၍ထွက်လာသော ယာဉ်များဖြင့် ယာဉ်တိုက်မှုများဖြစ်ပေါ်ရကြောင့် အသက်ဆုံးရှုံးရခြင်းများလည်း ရှိနေသည်။

သို့ဖြစ်၍ YRTC အနေဖြင့် မီးနီဖြတ်သန်းမောင်းနှင်ခြင်းအား နည်းပညာမြင့် CCTV မှတ်တမ်းများဖြင့် သက်သေခိုင်လုံစွာရယူပြီး ယာဉ်မောင်းအဖြစ်မှ ရာသက်ပန်ထုတ်ပယ်သည်အထိ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ဒုဥက္ကဋ္ဌမှ အသိပေးပြောဆိုထားသည်။

zawgyi version










Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်နိုင်ငံတွင် ပစ်ခတ်မှုများကြောင့် ယခုနှစ်အတွင်းသေဆုံးသူ (၅၅ဝဝ)ကျော်ရှိလာ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved