ငွေကျပ် (၂)ဘီလျံကျော်တန်ဖိုးရှိ Happy Water များ တာချီလိတ်မြို့နယ်၌ ဖမ်းဆီးရမိ
Pearl (NSS) - စက်တင်ဘာ ၂၃
တာချီလိတ်မြို့နယ်၌ ငွေကျပ် (၂)ဘီလျံကျော်တန်ဖိုးရှိ Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ (၁၅)ရက်၊ ညနေ (၅)နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် အဆိုပါရပ်ကွက်၌ သန်းစိန်(ခ)အားဝေ မောင်းနှင်ပြီး အောင်ကျော်ဦး(ခ)အယောင်း လိုက်ပါလာသည့် Toyota Hilux Revo မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ရာယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး(Happy Water) (၁၄ ဒသမ ၉၁)ကီလို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။
ကွင်းဆက်အရ အဆိုပါနေ့ ည ၇ နာရီခွဲအချိန်ခန့်တွင် တာချီလိတ်မြို့နယ်၊ ဆွတ်ဆိုင်ကျေးရွာတွင် စိုင်းစမ်ငင်း၊ စိုင်းကျန် နှင့် ဆီနွန်းတို့ (၃)ဦးအား မော်တော်ဆိုင်ကယ် ၂ စီး၊ စိတ်ပြောင်းဆေးဝါး(Happy Water) (၃ ဒသမ ၆) ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့၍ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) (၁၈ ဒသမ ၅၁)ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိ၍ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိပြီး အန္တရာယ်ဖြစ်စေမည့် စိတ်ပြောင်းဆေးဝါး(Happy Water)များ ဖြန့်ဖြူးရောင်းချခြင်းများကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် ဆိုင်ကယ်နှင့်ကား ယာဥ်တိုက်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံး
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း