ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် ဆိုင်ကယ်နှင့်ကား ယာဥ်တိုက်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံး
သန့်ဇင်(NSS) - စက်တင်ဘာ ၂၃
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်ရှိ ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် ဆိုင်ကယ်မှကားအားဝင်တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(စက်တင်ဘာလ ၂၃ရက်)၊ နံနက် ၈နာရီအချိန်တွင် ကြို့ပင်ကောက်မြို့နယ်၊ ခုနှစ်ရွာကျေးရွာအနီး၊ ရန်ကုန်-ပြည် ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း ကြို့ပင်ကောက်မြို့နာရေးကူညီမှုအသင်းထံမှသိရသည်။
“ရန်ကုန်ဘက်ကလာတဲ့ တက္ကစီနဲ့ လမ်းပေါ်ကိုဖြတ်တက်လာတဲ့ဆိုင်ကယ်တို့ တိုက်မိတာပါ။ ဆိုင်ကယ်သမားကလဲ ပြည်ဘက်ကိုသွားဖို့ အထွက်မှာဖြစ်တာပါ။ ဆိုင်ကယ်မောင်းတဲ့လူက အခင်းဖြစ်တဲ့နေရာမှာပဲဆုံးသွားတာပါ”ဟု ကြို့ပင်ကောက်နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ခုနှစ်ရွာကျေးရွာတွင်နေထိုင်သည့် အသက်(၃၈)နှစ်အရွယ် ဆိုင်ကယ်မောင်းနှင်သူအမျိုးသားသည် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူအမျိုးသားအား ကြို့ပင်ကောက်နာရေးကူညီမှုအသင်းမှ ကြို့ပင်ကောက်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြို့နယ်အလိုက် စာမတတ်သူဦးရေစာရင်းကို မြို့နယ်ထွေအုပ်နှင့်ပူးပေါင်းပြီး စီမံချက်အကြိုစာရင်းကောက်ယူမည်
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း