ယာဉ်စည်းကမ်းမလိုက်နာသော ကားတစ်စီးကို ယာဉ်ထိန်းရဲက လိုက်လံဖမ်းဆီးစဉ် သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှု လားရှိုးမြို့၌ ဖြစ်ပွား
မြူနစ် (NSS) - စက်တင်ဘာ ၂၂
ယာဉ်စည်းကမ်းမလိုက်နာသော ကားတစ်စီးကို ယာဉ်ထိန်းရဲ(၂)ဦးက လိုက်လံဖမ်းဆီးစဉ် သေနတ်ဖြင့် ပြန်လည် ပစ်ခတ်မှု လားရှိုးမြို့၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၂၂ ရက်) နံနက် ၁ဝ နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ်(၄) ရပ်ကွက်၊ ရေကန်လမ်း မီးပွိုင့်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက NP News ကို ပြောသည်။
ကားတစ်စီးသည် ရေကန်လမ်းရှိ မီးပွိုင့်၌ မီးနီနေစဉ် ဖြတ်သန်းမောင်းနှင်ခဲ့သည့်အတွက် ၎င်းကားအား တာဝန်ကျ ယာဉ်ထိန်းရဲ(၂)ဦးက ဆိုင်ကယ်ဖြင့် လိုက်လံဖမ်းဆီးခဲ့ကြောင်း မြို့ခံများက ဆိုသည်။
“ရပ်ကွက်(၄)နားက ရေကန်လမ်း မီးပွိုင့်အနီးမှာ ဖြစ်တာ။ ကားက မီးပွိုင့်မှာ မီးနီနေတာက ဖြတ်မောင်းသွားတာ ပေါ့။ အဲဒီ ရဲက လိုက်တားတာ။ အဲဒီမှာ ကားပေါ်က ပြန်ပစ်တာပေါ့” ဟု လားရှိုးမြို့ခံက ပြောသည်။
ထိုသို့ လိုက်လံဖမ်းဆီးစဉ် အထက်ပါကားသည် ရုတ်တရက်ရပ်တန့်ကာ ပစ္စတိုသေနတ်ဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်(၂)ဦးဖြစ်သည့် ပြည့်ဖြိုးပိုင်း နှင့် လှိုင်မျိုး တို့သည် ကျည်ဖောက်ဝင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့သော ယာဉ်ထိန်းရဲ(၂)ဦး၏ အခြေအနေသည် လတ်တလော၌ စိုးရိမ်ရသည့်အခြေအနေရှိပြီး ဆေးကုသူမှုခံယူနေရလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ယာဉ်ထိန်းရဲ(၂)ဦးအား ပစ်ခတ်သွားသည့်ကားကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိရေး အတွက် စစ်ဆေးဖော်ထုတ်နေလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့ပေါ်၌ ပြီးခဲ့သော ရက်ပိုင်းအတွင်းကလည်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံမှာ နိုင်ငံရေးအခက်အခဲများရှိနေပြီး အချိန်ယူဖြေရှင်းသွားရမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်အသစ်ပြော
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း