ထိုင်းနိုင်ငံမှာ နိုင်ငံရေးအခက်အခဲများရှိနေပြီး အချိန်ယူဖြေရှင်းသွားရမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်အသစ်ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၂
ထိုင်းနိုင်ငံမှာ နှစ်ခြမ်းကွဲနေတဲ့ နိုင်ငံရေးအခက်အခဲများကိုဖြေရှင်းနိုင်ဖို့ ခက်ခဲကြောင်း၊ ထိုင်းနိုင်ငံရဲ့နိုင်ငံရေး ပဋိပက္ခနဲ့ပတ်သက်ပြီး စိုးရိမ်စရာဖြစ်စေကာ၊ အဆိုပါနိုင်ငံရေးပဋိပက္ခတွေကို ဖြေရှင်းဖို့ အချိန်ယူရဖွယ်ရှိနေကြောင်း ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဆာရက်သာတာဗီဆင်ဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်လာချိန်အတွင်း အမေရိကန်နိုင်ငံရောက် ထိုင်းနိုင်ငံသားများနဲ့တွေ့ဆုံချိန် အခုလိုမျိုးပြောကြားခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
ဆာရက်သာတာဗီဆင်က ၎င်းတို့အစိုးရအနေနဲ့ ထိုင်းနိုင်ငံစီးပွားရေး ပိုမိုကောင်းမွန်အောင်လုပ်ဆောင်သွားမှာဖြစ် သလို “digital wallet” အစီအစဉ်ကို အကောင်အထည်ဖော်မှုနဲ့အတူ ထိုင်းပြည်သူများရဲ့ရှင်သန်နေထိုင်မှုတွေ ပိုမို ကောင်းမွန်အောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။
ထိုင်းလယ်သမားတွေရဲ့အကြွေးတွေကို ၃ နှစ်ဆိုင်းငံ့သွားမှာဖြစ်သလို စွမ်းအင်ဈေးနှုန်းတွေကို လျော့ကျပေးသွား မှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်အသစ်က ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ဂျီဒီပီဟာ အိမ်နီးချင်းနိုင်ငံများနဲ့ နှိုင်းယှဉ်ရင် တိုးတက်မှုနှေးကွေးနေဆဲဖြစ်ရာ လပေါင်းများစွာ ပြည်ပပို့ကုန် ကျဆင်းမှုများဖြစ်ပွားခဲ့ရကြောင်း၊ အမေရိကန်နိုင်ငံ ရောက် ထိုင်းပြည်သူများအနေနဲ့လည်း ထိုင်းနိုင်ငံကို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်လာအောင် ၎င်းတို့ရဲ့အသိပညာ မျှဝေတွေ၊ အရင်းအမြစ်တွေနဲ့အတူကူညီပေးဖို့ ထိုင်းနိုင်ငံကို ပြန်လာစေလိုကြောင်း၊ ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင် က ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ အမေရိကန်နိုင်ငံကိုရောက်ရှိချိန်အတွင်း ကမ္ဘာကျော်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Tesla TSLA ရဲ့ အကြီးအကဲ ဘီလျံနာ အီလွန်မတ် နဲ့တွေ့ဆုံပြီး လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ဆာရက်သာတာဗီဆင်ဟာ Microsoft ကုမ္ပဏီတာဝန်ရှိသူများနဲ့တွေ့ဆုံပြီး ထိုင်းနိုင်ငံမှာ Microsoft ကုမ္ပဏီရဲ့ဒေတာ စင်တာ ဖွင့်လှစ်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယ်စပ်ဂိတ်များတိုးချဲ့ဖွင့်လှစ်ရန် နှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရန် မြန်မာ- တရုတ် နှစ်နိုင်ငံ ဆွေးနွေး
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း