နယ်စပ်ဂိတ်များတိုးချဲ့ဖွင့်လှစ်ရန် နှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရန် မြန်မာ- တရုတ် နှစ်နိုင်ငံ ဆွေးနွေး
ယွန်း (NSS) - စက်တင်ဘာ ၂၂
နယ်စပ်ဂိတ်များတိုးချဲ့ဖွင့်လှစ်ရန်နှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရန် မြန်မာ- တရုတ် နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦမြင့်ကြိုင်သည် စက်တင်ဘာ(၂ဝ)ရက်တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Mr. Wang Xiaohong နှင့် ကျန်းစုပြည်နယ် လဲ့ယွင်းဂန်မြို့ Lianyung New City Hotel ၌တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဥ် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နှစ်ကာလရှည်ကြာစွာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်မှု များ၊ နှစ်နိုင်ငံနယ်နိမိတ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် နှစ်နိုင်ငံပြည်သူများ အပြန်အလှန် ကူးလူး ဆက်ဆံသွားလာရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း နစကမှ သိရသည်။
ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဂိတ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက် နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံနယ်စပ်မှ တရားမဝင် ဝင်/ထွက်မှုမရှိစေရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူကုန်ကူးမှုနှင့် Online Game လောင်းကစားမှုများမရှိစေရန် ပူးပေါင်း ဆောင်ရွက်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစကမှ သိရသည်။
အလားတူ ရခိုင်ပြည်နယ်နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်းကူညီပေးမည့်အခြေအနေ အပါအဝင် နှစ်နိုင်ငံ နယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများတွင် ပိုမိုနီးကပ်စွာ ဆောင်ရွက်နိုင်ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း စိတ်ဝင်စားဖွယ် သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ