တရုတ်နိုင်ငံက ဦးဆောင်လုပ်ကိုင်နေတဲ့ ပိုးလမ်းမစီမံကိန်းက အီတလီနိုင်ငံ နှုတ်ထွက်ဖွယ်ရှိနေ
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၂
အီတလီနိုင်ငံဟာ တရုတ်နိုင်ငံက ဦးဆောင်လုပ်ကိုင်လျက်ရှိနေတဲ့ ပိုးလမ်းမစီမံကိန်း Belt and Road မှာ ပါဝင်မှု ကနေ နှုတ်ထွက်သွားမှာဖြစ်ကြောင်း၊ အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အီတလီဝန်ကြီးချုပ် အပါအဝင် အီတလီအစိုးရတာဝန်ရှိသူများဟာ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက အဆိုပါ စီမံကိန်းမှာ ပါဝင်မှုကို အဆုံးသတ်ဖို့ စီစဉ်ဆောင်ရွက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။ အီတလီနိုင်ငံခြားရေးဝန်ကြီး က "ဝန်ကြီးချုပ် မီလိုနီဟာ တရုတ်နိုင်ငံကလုပ်ဆောင်မယ့် ပိုးလမ်းမစီမံကိန်းရပ်ဝန်းထဲမှာပါဝင်နေတဲ့ Silk Road စီမံကိန်းကနေ နှုတ်ထွက်မယ့်အကြောင်းကို တရုတ်အစိုးရကို အသိပေးခဲ့တယ်" လို့ ပြောပါတယ်။
အီတလီ နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးထိန်းသိမ်းဖို့ ဆွေးနွေးမှုတွေကို လုပ်ဆောင်နေပေမယ့် အီတလီနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့အဓိကမဟာမိတ်နိုင်ငံဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းမှာ အီတလီနိုင်ငံ ပါဝင်ပေမယ့် ကြီးမားတဲ့ အကျိုးကျေးဇူးရရှိမှာမဟုတ်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အီတလီအစိုးရဟာ အဆိုပါစီမံကိန်းကနေ ထွက်ခွာမယ်လို့ ပြောဆိုထားပေမယ့်အပြီးသတ်ဆုံးဖြတ်ချက် ဒါမှမဟုတ် တရားဝင် ထုတ်ပြန်ချက်များကို လူသိရှင်ကြားလုပ်ဆောင်ခြင်း မရှိသေးကြောင်း သိရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အီတလီအစိုးရအပေါ် ဝေဖန်ထားပြီး အီတလီအစိုးရ ဆုံးဖြတ်ချက်က သမိုင်းလမ်းကြောင်းကို ဆန့်ကျင်တာမျိုးဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။
အီတလီဝန်ကြီးချုပ်က တရုတ်နိုင်ငံက ဦးဆောင်လုပ်ကိုင်နေတဲ့ ပိုးလမ်းမစီမံကိန်းမှာ ပါဝင်နေခြင်းအပေါ် ဝိရောဓိ ဖြစ်နေရကြောင်း၊ တရုတ်ဦးဆောင်တဲ့ စီးမံကိန်းမှာ ဂျီ ၇ အဖွဲ့ဝင် နိုင်ငံများအနက် အီတလီတစ်နိုင်ငံတည်းက ပါဝင်နေသလိုမျိုးဖြစ်နေကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်ဘက်အရာရှိအများအပြား ရာဇဝတ်မှုများ နဲ့ စုံစမ်းစစ်ဆေးခံနေရ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ