စဥ့်ကူးမြို့နယ်၌ အကြမ်းဖက်အဖွဲ့က ထမင်းဆိုင်အတွင်းဝင်ရောက်လာပြီး ဆိုင်ပိုင်ရှင်အပါအဝင် (၄)ဦးအား ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်မှုဖြစ်ပွား
Pearl (NSS) - စက်တင်ဘာလ ၁၉
စဉ့်ကူးမြို့နယ်၌ အကြမ်းဖက်အဖွဲ့က ထမင်းဆိုင်အတွင်းဝင်ရောက်လာပြီး ဆိုင်ပိုင်ရှင်အပါအဝင် (၄)ဦးအား ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသတင်းရရှိသည်။
ဖြစ်စဉ်မှာပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်၊ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း ၊ စဉ့်ကူးမြို့နယ်၊ ငွေတောင်ကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာရှိ “ကုဋေစု”ထမင်းဆိုင်သို့ အကြမ်းဖက်အဖွဲ့ကရောက်ရှိလာပြီး ထမင်းဆိုင်ပိုင်ရှင်ဖြစ်သူ ဦးသိန်းဇော် (၄၉)နှစ် နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်သဲနုငယ်(၄၈)နှစ်၊ ဆိုင်အလုပ်သမားများဖြစ်ကြသည့် ဦးခင်မောင်ချင်း(၄၃)နှစ်နှင့် ဒေါ်လွင်လွင်ဌေး(၄၂)နှစ်တို့ (၄)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေတောင်ကျေးရွာအနီး၌ ဦးသိန်းဇော်အားလည်းကောင်း၊ ညောင်ဝန်းကျေးရွာအနီး၌ ဦးခင်မောင်ချင်းပါ (၃)ဦးတို့အားလည်းကောင်း သတ်ဖြတ်သွားခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများအသီးသီးရရှိကာ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှအသိပေးထားသည်။
အလားတူ နေ့လည်(၂)နာရီခွဲအချိန်တွင် ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာတွင် နေထိုင်သော ကိုကျော်မင်းဦး(၂၉)နှစ်နှင့် ဦးမျိုးနိုင်(၄၉)နှစ်တို့သည် ကျေးရွာအရှေ့ဘက်ရှိ တောအတွင်း၌ထင်းခုတ်နေစဉ် အကြမ်းဖက်အဖွဲ့ အင်အား (၈)ဦးခန့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့ (၂)ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍ ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချင်းတွင်းမြစ်အတွင်း၌ ကုန်တင်စက်လှေတစ်စီး နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ ပျောက်ဆုံးနေသူများရှိနေ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း