ချင်းတွင်းမြစ်အတွင်း၌ ကုန်တင်စက်လှေတစ်စီး နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ ပျောက်ဆုံးနေသူများရှိနေ
မြူနစ် (NSS) - စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မောက္ကတော်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း၌ ကုန်တင်စက်လှေတစ်စီး နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ ပျောက်ဆုံးနေသူများရှိနေကြောင်း သတင်းရရှိသည်။
၎င်းကုန်တင်စက်လှေသည် ယနေ့(စက်တင်ဘာလ ၁၉ ရက်)၊ နံနက်ပိုင်းတွင် ခန္တီးမြို့ဘက်မှ ခုတ်မောင်းလာစဉ်အချိန် မောက္ကတော်ကျေးရွာအနီး၌ နစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက NSS ကို အတည်ပြုထားသည်။
“ဒီနေ့ မနက်ပိုင်းက ချင်းတွင်းမြစ်ထဲ မောက္ကတော်ရွာအနီးမှာလို့ ကြားပါတယ်။ အထက်ကနေ စုန်ဆင်းလာတဲ့ ကုန်တင်စက်လှေတစ်စီးလို့ ကြားပါတယ်။ ရေကြောင်းအရလည်းကောင်း၊ စက်လှေရဲ့ချို့ယွင်းမှုကြောင့်လည်းကောင်း ဝဲနဲ့ထိတွေ့ပြီးတော့ နစ်မြုပ်သွားပါတယ်။ အခြားမည်သူတစ်ဦးတစ်ယောက်ရဲ့ ပယောဂကြောင့်မှ မဟုတ်ပါဘူး”ဟု စစ် ကိုင်းတိုင်းအစိုးရအဖွဲ့ပြောခွင့်ရ၊ သယံဇာတရေးရာဝန်ကြီး ဦတင်သန်းဝင်းက ပြောသည်။
လက်ရှိတွင် စက်လှေနစ်မြုပ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အစိုးရအဖွဲ့တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး မည်၍မည်မျှဆုံးရှုံးခဲ့သည်ကို လတ်တလော၌ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
“ကြားကြားချင်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ ဆောင်ရွက်ဆဲဖြစ်ပါတယ်။ တာဝန်ရှိသူတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေကြပါတယ်။ ဘယ်သူတွေ ပါတယ်။ အရေအတွက်ဘယ်လောက်ဆိုတာလည်း မသိရသေးပါဘူး”ဟု ဦးတင်သန်းဝင်းက ပြောသည်။
ထိုသို့ နစ်မြုပ်ခဲ့သည့် စက်လှေပေါ်တွင် ဆရာ/ဆရာမများ၊ အဝေးသင်ကျောင်းသားများ၊ နိုင်ငံ့ဝန်ထမ်းများ ပါဝင်ကြောင်း ကြားသိရသည်။
၎င်းကုန်တင်စက်လှေ နစ်မြုပ်မှုဖြစ်စဉ်အတွင်း လူဦးရေ(၁၀၀)ကျော် ပျောက်ဆုံးလျက်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိပြီး စက်လှေနစ်မြုပ်မှုသတင်းနှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သထုံမြို့မှာ မြေတူးရာကနေ တွေ့ရှိခဲ့တဲ့ ရှေးဟောင်းအုတ်ခွက်ဘုရား အဆူ(၄ဝဝ)နီးပါးကို ရှေးဟောင်းသုတေသနဌာနထံ အပ်နှံ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း