စစ်အာဏာသိမ်းမှုဖြစ်ပွားတယ်ဆိုတဲ့သတင်းတွေကို ကွန်ဂိုအစိုးရ ငြင်းဆန်ပယ်ချ
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၉
ကွန်ဂိုနိုင်ငံမှာ နှစ်ပေါင်းများစွာကြာ သမ္မတအဖြစ်တာဝန်ယူနေတဲ့ သမ္မတဒီနစ်ဆက်ဆော့ဖ် အမ်ဂက်ဆိုကို ရာထူးက ဖြုတ်ချကာ အာဏာသိမ်းလိုက်တယ်ဆိုတဲ့သတင်းတွေကို ကွန်ဂိုအာဏာပိုင်တွေက ငြင်းဆန်ပယ်ချလိုက်ပါတယ်။
ကွန်ဂိုစစ်တပ်ဟာ သမ္မတအဖြစ် နှစ်ပေါင်း ၄ဝ နီးပါးကြာ တာဝန်ယူခဲ့တဲ့ ဒီနစ်ဆက်ဆောဖ့်ကိုရာထူးက ဖြုတ်ချကာ အာဏာသိမ်းခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းများထွက်ပေါ်ခဲ့ပါတယ်။
အာဖရိကတိုက်အတွင်းရှိ နိုင်ငံအချို့မှာ ပြီးခဲ့တဲ့လပိုင်းအတွင်း ဂါဘွန် နဲ့ နိုင်ဂျာနိုင်ငံတို့မှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ကွန်ဂိုမှာလည်း အာဏာသိမ်းမှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ သတင်းများထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ကွန်ဂိုအာဏာပိုင်တွေက "ထွက်ပေါ်နေတဲ့သတင်းတွေက ခန့်မှန်းသတင်းတွေပါ။ အာဏာသိမ်းမှုဖြစ်ပွားတာက မှန်ကန်မှုမရှိပါဘူး" လို့ ပြောပါတယ်။
ကွန်ဂိုနိုင်ငံဟာလည်း ပြင်သစ်ကိုလိုနီနိုင်ငံဖြစ်ခဲ့ဖူးပြီး အသက် ၇၉ နှစ်အရွယ်ရှိ သမ္မတ ဒီနစ်ဆက်ဆောဖ့်ဟာ ကွန်ဂိုသမ္မတအဖြစ် ၁၉၇၉ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သလို ၁၉၉၇ ခုနှစ်ကနေ လက်ရှိအချိန်အထိ သမ္မတအဖြစ်တာဝန်ယူနေသူဖြစ်ကြောင်း သိရပါတယ်။
ကွန်ဂိုသမ္မတဟာ အာဖရိတိုက်ရှိ သမ္မတတွေထဲမှာ တတိယသက်တမ်းအရှည်ဆုံး သမ္မတအဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။ အာဖရိကတိုက်မှာ ပြီးခဲ့တဲ့လပိုင်းအတွင်း ပြင်သစ်လက်အောက်ခံကိုလိုနီနိုင်ငံဖြစ်ခဲ့ဖူးတဲ့ ဂါဘွန် နဲ့ နိုင်ဂျာတို့မှာ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး၊ ပြင်သစ်နဲ့ဆက်ဆံရေးကို ဖြတ်တောက်ဖို့ ကြိုးပမ်းလာနေကြောင်း သိရပါတယ်။
ကွန်ဂိုအစိုးရက လက်ရှိအချိန်မှာ ပြည်သူတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်ရှိစေလိုကြောင်း၊အာဏာသိမ်းတယ်ဆိုတဲ့ သတင်းတွေက မှန်ကန်မှုမရှိသေးကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသက်အရွယ်ကို ပစ်မှတ်ထားဝေဖန်တိုက်ခိုက်ခံနေရပေမယ့် သမ္မတအဖြစ် ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း ဂျိုးဘိုင်ဒန် ထုတ်ဖော်ပြောဆို
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ