အသက်အရွယ်ကို ပစ်မှတ်ထားဝေဖန်တိုက်ခိုက်ခံနေရပေမယ့် သမ္မတအဖြစ် ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း ဂျိုးဘိုင်ဒန် ထုတ်ဖော်ပြောဆို
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၉
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ၎င်းအနေနဲ့ လက်ရှိအချိန်မှာ သူရဲ့အသက်အရွယ်ကို ပစ်မှတ်ထား ဝေဖန်မှုများ ရှိနေတာကို နားလည်ကြောင်း၊ ဒါပေမယ့် သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ အမေရိကန်ဒီမိုကရေစီစနစ်ကို ဖျက်ဆီးဖို့ လိုလားနေတဲ့အတွက် လာမယ့် သမ္မတရွေးကောက်ပွဲမှာ သမ္မတအဖြစ် ပြန်လည်ယှဉ်ပြိုင်မှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဂျိုးဘိုင်ဒန်က လက်ရှိအချိန်မှာ အသက် ၈ဝ ကျော်အရွယ်ရှိနေပြီး သူရဲ့အတွေ့အကြုံများက ကိုဗစ် ၁၉ နဲ့ ယူကရိန်းစစ်ပွဲကိစ္စများကို ဖြေရှင်းနိုင်ဖို့ အကူညီဖြစ်စေနိုင်ကြောင်း ဆိုပါတယ်။
ဒါပေမယ့် ဂျိုးဘိုင်ဒန်ဟာ အသက် ၈ဝ ကျော်အရွယ်ရှိနေပြီဖြစ်တဲ့အတွက် သူရဲ့ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေများကို သံသယဖြစ်မှုများမြင့်တက်နေကြောင်း သိရပါတယ်။
ဂျိုးဘိုင်ဒန်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာအဆီအလျော်မတည်တဲ့ စကားတွေပြောဆိုခဲ့ဖူးသလို ပြီးခဲ့တဲ့နှစ်ကလည်း စကားတွေကိုမှားယွင်းပြောဆိုခြင်းများ ရှိလာခဲ့ကြောင်း အတိုက်ခံအုပ်စုတွေက ပြောပါတယ်။
ဂျိုးဘိုင်ဒန်က "လူအများစုဟာ ကျွန်တော်ရဲ့အသက်အရွယ်ကြီးနေတာကို အာရုံစိုက်ဝေဖန်နေတယ်။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။ ကျွန်တော်ဟာ အခြားသူတွေထက် ပိုမိုယုံကြည်မှုရှိပါတယ်။ ဒါကြောင့် လာမယ့် သမ္မတရွေးကောက်ပွဲကို ယှဉ်ပြိုင်သွားမှာပါ။ ဒေါ်နယ်ထရမ့် နဲ့ ရီပတ်ဘလီကန်တွေဟာ အမေရိကန်နိုင်ငံရဲ့ဒီမိုကရေစီကိုဖျက်ဆီးနေတာကြောင့် ကျွန်တော်လည်း သမ္မတရွေးကောက်ပွဲကို ဆက်လက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားတာပါ" လို့ ပြောပါတယ်။
ဒီမိုကရက်တစ်တွေအနေနဲ့ အာဏာရှင်များကို အလျော့ပေးမှာ မဟုတ်ကြောင်း၊ ဒေါ်နယ်ထရမ့်ဟာ ရုရှားသမ္မတပူတင်လိုမျိုး လုပ်ဆောင်လိုနေကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့ပါတယ်။ဝါရှင်တန်ပိုစ့်သတင်းစာရဲ့ဆောင်းပါးရှင် David Ignatius က ဂျိုးဘိုင်ဒန်အနေနဲ့ သမ္မတရွေးကောက်ပွဲကို မယှဉ်ပြိုသင့်တော့ကြောင်း၊ ၎င်းအနေနဲ့ ဒေါ်နယ်ထရမ့်ကို အနိုင်ရဖို့ ကြီးမားတဲ့အောင်မြင်မှုတွေရဖို့ ထိခိုက်ဖွယ်ရှိနေကြောင်း သုံးသပ်ပြောဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ဂျိုးဘိုင်ဒန်ဟာ အသက်အရွယ် အရမ်းမကြီးသေးကြောင်း၊ ဒါပေမယ့် ဂျိုးဘိုင်ဒန်ဟာ အရည်အချင်းပြည့်ဝသူမဟုတ်ကြောင်း ထပ်မံဝေဖန်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တည်ဆဲလယ်ယာမြေဥပဒေကို မျက်ကွယ်ပြုပြီး လယ်မြေများကို ခွင့်ပြုချက်မရှိ ဥပဒေမဲ့ကျူးလွန်လုပ်ဆောင်မှုများအား ပြဋ္ဌာန်းဥပဒေများနှင့်အညီ စိစစ်မည်
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း