သမ္မတကို ဝေဖန်တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး ဂျာမနီသံအမတ်ကြီးကို တရုတ်အစိုးရ ဆင့်ခေါ် သတိပေး
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၉
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ တရုတ်နိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး ပက်ထရစ်စီယာဖလောကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဆင့်ခေါ်ပြီး သတိပေးခဲ့ကြောင်း သိရပါတယ်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဟာ တရုတ်သမ္မတ ရှီကျင့်ဖျင့်ကို အာဏာရှင်အဖြစ် ရည်ညွှန်းပြောဆိုခဲ့ခြင်းနဲ့ပတ်သက်ပြီး တရုတ်အစိုးရက ဂျာမနီသံအမတ်ကြီးကို ဆင့်ခေါ်သတိပေးခဲ့တာဖြစ်ပါတယ်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန က "တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ တရုတ်နိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့တယ်" လို့ ပြောပါတယ်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ယူကရိန်းနိုင်ငံ စစ်ရှုံးဖို့ ခွင့်ပြုပေးလိုက်မယ်ဆိုရင် တရုတ်သမ္မတ ရှီကျင့်ဖျင့်ကဲ့သို့သော ကမ္ဘာတဝန်းမှာ အခြားအာဏာရှင်တွေ ပိုမိုအတင့်ရဲလာမှာဖြစ်ကြောင်း မကြာသေးမီက ဝေဖန်ပြောခဲ့ဖူးပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာနင်အိုက ဂျာမနီနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောစကားကိုအလွန်အမင်း မကျေမနပ်ဖြစ်ရကြောင်း၊ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောဆိုချက်တွေက တရုတ်နိုင်ငံရဲ့နိုင်ငံရေးကို ချိုးဖောက်တာဖြစ်သလို နိုင်ငံရေးအရ ရန်စတာမျိုးဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း တရုတ်သမ္မတ ရှီကျင့်ဖျ်ကို အာဏာရှင်အဖြစ် ရည်ညွှန်းသုံးစွဲ့ဖူးကြောင်း သိရပါတယ်။ ဂျာမနီနိုင်ငံ နဲ့ တရုတ်နိုင်ငံရဲ့ဆက်ဆံရေးဟာ ပြီးခဲ့တဲ့လပိုင်းမှာ ဆိုးရွားလာခဲ့ကြောင်း၊ ဂျာမနီဟာ တရုတ်စီးပွားရေးကို မှီခိုနေရမှုတွေကို တစ်ဖြည်းဖြည်းလျော့ချလာခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ အမေရိကန်၊ ဂျာမနီနိုင်ငံတို့နဲ့ ဆက်ဆံရေး အေးစက်နေပြီး အပြန်အလှန်ဝေဖန်ပြစ်တင်မှုများ ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်အာဏာသိမ်းမှုဖြစ်ပွားတယ်ဆိုတဲ့သတင်းတွေကို ကွန်ဂိုအစိုးရ ငြင်းဆန်ပယ်ချ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ