အမြန်လမ်းမ၌လမ်းဘေးတွင် လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦးအား ကားတစ်စီးမှ ဝင်တိုက်မိရာ ပွဲချင်းပြီးသေဆုံး
Pearl (NSS) - စက်တင်ဘာ ၁၉
အမြန်လမ်းမ၌ လမ်းဘေးတွင်လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦးအား ကားတစ်စီးမှ ဝင်တိုက်မိရာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၈ရက်)၊ ညနေ (၄)နာရီခွဲ အချိန်ခန့်တွင် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၇၁/၀)ဖာလုံအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်တိုင်အနီး၌ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာသော အမျိုးသား(၂)ဦးလိုက်ပါလာသည့် TOYOTA MARK X အမျိုးအစား(ခဲရောင်)ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ လမ်းဘေးတွင်လမ်းလျှောက်နေသော အမျိုးသား(၁)ဦးအား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်တိုက်မိပြီးနောက် အဆိုပါကားသည် အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းဘေးသို့ထိုးကျ၍ ရပ်တန့်သွားခဲ့ပြီး ဖြစ်စဉ်ကြောင့် လမ်းဘေးတွင်လမ်းလျှောက်နေသည့်အမျိုးသားသည် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်းသိရသည်။
လက်ရှိတွင်၎င်းရုပ်အလောင်းအား ဆွာနာရေးကူညီမှုအသင်းယာဉ်ဖြင့် ဆွာမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သမ္မတကို ဝေဖန်တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး ဂျာမနီသံအမတ်ကြီးကို တရုတ်အစိုးရ ဆင့်ခေါ် သတိပေး
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း