လှိုင်သာယာမြို့နယ်၌ ကားတစ်စီးဘရိတ်ပေါက်၍ ကားမှတ်တိုင်အား ဝင်တိုက်မိရာ (၃)ဦး ထက်မနည်းသေဆုံး
Pearl (NSS) - စက်တင်ဘာ ၁၉
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၌ ကားတစ်စီးဘရိတ်ပေါက်၍ ကားမှတ်တိုင်အား ဝင်တိုက်မိရာ (၃)ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၈ ရက်)၊ ညနေ (၅)နာရီခွဲ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်၊ အနော်ရထာလမ်း၊ ၈၆ ဂိတ်ဟောင်းမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မှတ်တိုင်အနီး၌ ဖယ်ရီကားတစ်စီး ဘရိတ်ပေါက်၍ ကားမှတ်တိုင်အား ဝင်တိုက်မိရာမှ (၃)ဦးသေဆုံးခဲ့ပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
"(၃)ဦး ဆုံးတယ်။ ကျား(၁)၊ မ(၂)ပေါ့။ ဒဏ်ရာရတာက(၅)ဦး။ ကားကတော့ ဖယ်ရီကားပေါ့။ ဘေးပတ်ဝန်းကျင် ပြောတာတော့ ကားက ဘရိတ်ပေါက်ပြီး တခြားကားတစ်စီးကို တိုက်ပြီး မှတ်တိုင်ဘက်ကို ဝင်တိုက်တာလို့ပြောတယ်" ဟု ဒေသခံ လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်ကြောင့် သေဆုံးသူ (၃)ဦးနှင့် ဒဏ်ရာရရှိသူ (၅)ဦးတို့အား လှိုင်သာယာဆေးရုံ နှင့် မြောက်ဥက္ကလာဆေးရုံသို့ အသီးသီးပို့ဆောင်ပေးထားပြီး ဒဏ်ရာရရှိသူများအနက် (၁)ဦးသည် စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း သိရသည်။
ထပ်မံကြားသိရသည့် သတင်းများအရ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် စိုးရိမ်ရသည့် လူနာတစ်ဦးသည် ဆေးကုသမှု ခံယူစဉ် ဆုံးပါးသွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်သံတမန်နှစ်ဦးကို နှင်ထုတ်ခဲ့ပြီးနောက် ပြင်သစ်သံအမတ်ကြီးကို ဆင့်ခေါ်ကာ ရုရှားအစိုးရ သတိပေး
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း